Ep 45

1.4K 50 2
                                    

Ep 45(unicode)

ဦးမိုးကောင်းနှင့်ခွန်းစစ်တို့အလုပ်ကိစ္စပြီးသည်
နှင့်

"ဟုတ်ကဲ့ဒါဆိုအလုပ်ဖြစ်ပြီနော်"
"အင်း....ကျေးဇူးဘဲ မောင်ခွန်းစစ်ရာ ဒီပရောဂျက်မှာပါဝင်ပေးလို့"
"ရပါတယ်"
"ဪဒါနဲ့ညနေ ဦးတို့ရဲ့Company နှစ်ပတ်လည်ရှိတယ်နော် မနေ့ကရတုကိုဖိတ်စာပေးလိုက်တယ်ရလားမသိဘူး"အခုမှခွန်းစစ်တစ်ယောက်သတိရကာ

"အာ...ဟုတ်သား ကျွန်တော်မေ့နေတာ ဒါဆိုကျွန်တော်သွားပြီနော်Hotelကိုဘဲလာခဲ့တော့မယ်"
"ကောင်းပါပြီ"ခွန်းစစ်လည်းကားပေါ်ရောက်သည်နှင့်ဖုန်းကိုဖွင့်လိုက်တော့ဖုန်းကအားကုန်နေသည်။
ခွန်းစစ်တစ်ယောက်ချက်ချင်းပင်ကားမောင်းကာအိမ်သို့ပြန်လာခဲ့သည်။ခွန်းစစ်လည်းအိမ်ရောက်တော့အမြန်ပင်အထဲသို့ဝင်သွားလိုက်သည်။သို့ပေမယ့်သွင်ခက်၏အရိပ်ယောင်ပင်မတွေ့ရ၍

"ဘယ်သွားနေတာပါလိမ့်"ထိုအချိန်အိမ်တော်ထိန်းဝင်လာ၍
"ဦးငွေ သွင်ခက်ရော"ခွန်းစစ်အမေးအားဦးငွေကခေါင်းခါကာ

"ဦးလေးကခြံအနောက်မှာအပင်သွားစိုက်နေတာလေ အခုမရှိဘူးလားသား"
"မရှိဘူး ကျစ်ဘယ်သွားပြန်ပြီလဲ"ပြောရင်းပင်ခွန်းစစ်တစ်ယောက်မျက်မှောင်ကြုတ်ကာအပေါ်သို့တက်လာခဲ့သည်။

"ဖုန်းကလည်းထားခဲ့တယ် ပါတီခေါ်သွားမလို့ကို"
"ရတုနဲ့အပြင်သွားတာထင်တယ်"ခွန်းစစ်လည်းတစ်ခုပြီးတစ်ခုစဥ်းစားကာရေချိုးခန်းထဲဝင်၍ရေချိုးလိုက်သည်။ပြီးသည်နှင့်အဝတ်စားလဲကာပါတီသွားဖို့အောက်သို့ဆင်းခဲ့သည််။
ထိုအချိန်ကားသံနှင့်အတူအထဲသို့ဝင်လာသော
သွင်ခက်နှင့်ရတုတို့ကြောင့်အမြန်သွားလိုက်ကာ

"ခလေးဘယ်ကပြန်လာတာလဲ ကိုယ်စိတ်ပူနေတာ"
"အာ.....အဲ့ဒါဝက်သားတုတ်ထိုးလေးစားချင်လို့ဟိုးလမ်းထိပ်မှာသွားဝယ်စားတာ"သွင်ခက်တစ်ယောက်မျက်နှာလေးပြုံးကာပြောနေသော်လည်းခွန်းစစ်ကတော့

"နောက်တစ်ခါ စိတ်ပူရအောင်မလုပ်နဲ့ကြားလား ရတုမင်းလည်းငါ့ကိုဖုန်းဆက်ကြားလား"
"ဟုတ်ကဲ့ပါဗျ ဒါနဲ့Bossပါတီသွားတော့မလို့လား"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now