Ep 51

1.4K 53 0
                                    

Ep 51(Unicode)

ဒီနေ့မှနေမင်းကအစွမ်းကုန်သာနေကာလူကAir_conအောက်မှာနေနေသော်လည်းရင်ထဲကအပူမီးကအပြင်ကိုတောင်လာဟပ်နေသလိုပင်။

ကျွီ.........
တံခါးဖွင့်သံနှင့်အတူဘာမှမဖြစ်သလိုပင်ရောက်ရှိလာသောသူမ။မျက်နှာမှာအပြုံးပန်းကိုဆင်ယင်လျတ်ခုံတွင်ဝင်ထိုင်လိုက်သည်။နှုတ်ခမ်းထက်အနီရောင်ခြယ်သမှုနှင့်အတူထွက်ကျလာမဲ့စကားတွေကလည်းဘာမှကိုဂရုစိုက်မှုမရှိသလိုပင်။

"ဘာကိစ္စလဲ"
"နင် ဒီလိုလုပ်တာဘာသဘောလဲ"တစ်ဖက်စကားအဆုံးဘာမှမဖြစ်သလိုပင်မျက်ခုံးကိုပင့်ကာနှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။

"ဘာလုပ်လို့လဲ"သူမစကားက တဖက်လူ၏ဒေါသကိုပို၍ဆွနေသလိုပင်။

"အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကိုနင်ကြာခိုနေတဲ့အကြောင်းလေ"
"နင်မှားနေပြီသွင်ခက် သူကအစထဲကငါပိုင်ရမဲ့သူဘဲ"သော်တာဝေရဲ့စကားအဆုံးသွင်ခက်ခေါင်းညိတ်လိုက်ကာ

"မှန်တယ် ဒါပေမယ့်နင်မလိုချင်ခဲ့လို့တောင်နင်ထွက်သွားခဲ့တာလေ"
"ဒါမဲ့ခုလိုချင်တယ်" စကားကိုလွယ်လွယ်ပြောတတ်သောသူမကိုကြည့်ကာ တစ်ချိန်က ရိုးသားဖြူစင်ခဲ့တဲ့သူငယ်ချင်းဆိုတာကိုတောင်မေ့လျော့သွားမိသည်။ ကိုယ်မလိုချင်လို့ လက်လွှတ်ခဲ့တဲ့သူတစ်ယောက်ကို အခုမှ သူများလက်ထဲက ပြန်ယူနေတဲ့သူမက ဘာမှမဖြစ်သလိုပင်။

"အဲ့လောက်ထိလွယ်နေလားသော်တာဝေ"
"No Noအဲ့လောက်တော့မလွယ်ဘူးလေ ရှိသေးတာပေါ့နောက်ထပ်ရင်ခုန်စရာတွေရှိသေးတယ်"သွင်ခက်မှာ သူမရဲ့ ကောက်ကျစ်မှုတွေကိုခုထိမယုံနိူင်သေးပေ။ စကားပြောရင် ခွန်းစစ်ရဲ့မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်တာတွေ ပြောလိုက်တဲ့စကားတိုင်းက အနှောင့်အသွားမလွှတ်ခဲ့တာတွေ ကိစ္စမရှိလညအိမ်ကိုရောက်ရောက်လာတတ်တာတွေက ခုမှပိုသေချာနေတာပင်။သူမက ပိုက်ဆံအိတ်ကို ယူလိုက်ကာ

"ဒါဘဲ ငါသွားတော့မယ် လုပ်စရာလေးတွေရှိသေးလို့ နင်အခုထဲက ခွန်းကိုမေ့နိူင်အောင်လုပ်ထား နောက်ဆိုငါကအပိုင်ယူမှာမို့လို့"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now