Ep 30

1.6K 66 1
                                    

Ep 30(Unicode)

သွင်ခက်တို့သုံးယောက်Clubသို့ရောက်လာကြသည်။ပြီးသည်နှင့်ဘီယာနှင့်အမြည်းတွေမှာကာတစ်ခွက်ပြီးတစ်ခွက်သောက်နေ၍သွင်ခက်ကတော့တော်တော်ကိုမူးနေပြီဖြစ်သည်။ဘုန်းထက်ကသွင်ခက်ကိုကြည့်ကာ

"သွင်ခက်မင်းလင်မရှိဘူးဆိုပြီးအမူးသောက်နေတာလား"
"မင်းကလည်းမသောက်ရတာကြာပြီကို"သွင်ခက်ကပြောတော့သော်တာက

"အေးနင်မူးရင်တော့ငါတို့ကထားခဲ့မှာ"
"အကျင့်မကောင်းတဲ့ဟာတွေ အဲ့တော့လည်းငါအကိုရတုကိုခေါ်လိုက်မှာပေါ့"သွင်ခက်အပြောကြောင့်ဘုန်းထက်သောက်နေသောဘီယာတောင်နင်သွားသည်။အရက်နဲ့ရတုကိုတွဲ မြင်လိုက်ရင်ဟိုကိစ္စကိုဘဲ ပြန်ပြန်တွေးမိနေသည်။
ဘုန်းထက်တစ်ယောက်သွင်ခက်ကိုကြည့်ကာ

"သူ့ကိုတော့မခေါ်ပါနဲ့ ငါလိုက်ပို့ပါ့မယ်"
"အင်း မင်းကမှအတော်ဆုံး"လက်မလေးထောင်ကာပြောနေသောသွင်ခက်ကိုကြည့်ကာမူးနေပြီဆိုတာသိသာနေပြီ။သွင်ခက်တစ်ယောက်ထိုင်နေရာမှရုတ်တရက်ထလိုက်ကာ

"ကဲသွားကကြမယ် လာခဲ့နှစ်ကောင်လုံး"
"ဟမ် အေးအေး ခေါ်လာမိတာမှားပြီ"သော်တာတစ်ယောက်အရှေ့ကနေသွားကနေသောသွင်ခက်ကိုကြည့်ကာအခုမှ မှားမှန်းသိသွားသည်။သုံးယောက်သားDance floorမှာသွားကနေကြကာတစ်ကိုယ်လုံးကိုခါးရမ်းနေကြသည်။
သုံးယောက်သားကနေတာကြာပြီဖြစ်၍သွင်ခက်ကိုတွဲခေါ်ကာဝိုင်းကိုပြန်လာခဲ့ကြသည်။သော်တာတစ်ယောက်ဝိုင်းမှာထိုင်နေရင်းတစ်နေရာသို့အကြည့်ရောက်ချိန်

'ဟင် ငါနဲ့လေယာဥ်ကွင်းမှာတိုက်မိတဲ့သူပါလား
အဟက် တိုက်ဆိုင်လိုက်တာ'
သော်တာတွေးနေရင်းသူတို့ဝိုင်းဘက်ကိုလာနေသောကြောင့်သော်တာ သေချာကြည့်နေမိသည်။

ဘန်ကောက်ကCompanyမှာအလုပ်တွေပြီးတာနဲ့ခလေးကိုလွမ်းလွန်းလို့ချက်ချင်းပင်ပြန်လာခဲ့သည်။အိမ်ရောက်တော့အိမ်တော်ထိန်း၏ပြောစကားအရသူငယ်ချင်းနှစ်ယောက်လာခေါ်လို့ထွက်သွားတယ်ပြောလာ၍နည်းနည်းတော့စိတ်ညစ်သွားသည်။တွေ့ချင်လွန်းလို့တောင်အလုပ်တွေကိုအမြန်လက်စသတ်ကာပြန်လာရပေမယ့်အိမ်မှာခင်ပွန်း လေးမရှိဘူးဆို၍စိတ်တွေတောင်နောက်ကျိသွားမိသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now