Ep 47

1.3K 52 0
                                    

Ep 47(unicode)

အချိန်တွေကုန်လာလိုက်တာအခုဆိုရင်သွင်ခက်ရဲ့မွေးနေ့တောင်ရောက်တော့မည်ဖြစ်သည်။တစ်ပတ်သာလိုတော့သောမွေးနေ့ကြောင့်သွင်ခက်တစ်ယောက်ပျော်နေသည်။အရင်ကဆိုရင်မွေးနေ့ပွဲကိုအိမ်မှာဘဲ ကိတ်လေးခွဲကာသူငယ်ချင်းလေးတွေဖိတ်ပြီးအမေဖြစ်သူနှင့်ပျော်ပါးခဲ့ရပြီးအခုဆိုရင်ဘေးနားတွင်ချစ်ပေးမည့်ခင်ပွန်းနှင့်မိခင်ဖြစ်သူကောသူငယ်ချင်းတွေရောများလာ၍မွေးနေ့ပွဲရောက်ဖို့သာသွင်ခက်တစ်ယောက်အားသာနေသည်။

ခုလည်းဆိုင်မှာရှိနေချိန်ဘုန်းထက်ရောက်လာသောကြောင့်ဘုန်းထက်သောက်ဖို့ကိတ်နှင့်ကော်ဖီခွက်ကိုကိုင်လာကာဝိုင်းတွင်ထိုင်လိုက်သည်။

"ရော့ သောက်"
"အင်းအဲ့ဒါနဲ့ခုနစကားလေးဆက်ပြောပါအုန်း"ဘုန်းထက်ကခုနကပြတ်တောက်သွားသောစကားကိုပြန်ဆက်လာသည်။

"အင်း အဲ့ဒါနဲ့ငါဆေးရုံရောက်သွားတာဘဲ ပြီးတော့အကိုရတုကိုဒီကိစ္စလူကြီးမသိအောင်မနည်းပြောလိုက်ရတယ်"
"နေပါအုန်းသော်တာကမင်းမြေပဲနဲ့မတည့်တာသိတယ်လေ"သွင်ခက်လည်းသက်ပြင်းတစ်ချက်ချလိုက်ကာ

"အင်းငါလည်းမတော်တဆမေ့သွားလို့ဖြစ်ပါစေဘဲဆုတောင်းတယ် ဒါနဲ့သူငါတို့ကိုပြောဖူးတယ်လေ သူကြိုက်နေတဲ့သူမြန်မာပြည်မှာရှိတယ်ဆိုတာ အဲ့ဒါမင်းသိလား"
"မသိဘူးလေ အဲ့ကိစ္စကအဲ့ထဲကပြီးသွားတာလေ ငါတို့လည်းမမေးသလိုသူလည်းအဲ့လူအကြောင်းမပြောတော့ဘူးလေ ဘာဖြစ်လို့လဲ"ဘုန်းထက်က ကိတ်လေးစားရင်းပြန်မေးတော့သွင်ခက်ကခေါင်းခါလိုက်ကာ

"မဟုတ်ပါဘူး မေးကြည့်တာ ဟင် ဟိုမှာကိုရတု"သွင်ခက်အပြောကြောင့်ဘုန်းထက်ကနောက်သို့လှည့်ကြည့်လိုက်ချိန်ဆိုင်ထဲဝင်လာသောရတုပင်။

"ကိုရတု ကော်ဖီလာသောက်တာလား"
"အင်းဆိုပါတော့ ပိုင်နဲ့လည်းစကားပြောရင်းပေါ့"
ရတုစကားကြောင့်သွင်ခက်ကအလိုက်တသိရှောင်ထွက်သွားသည်။ရတုကဘုန်းထက်၏ဘေးတွင်ဝင်ထိုင်လိုက်ကာ

"ပိုင် နေကောင်းလား"
"နေကောင်းလို့ထိုင်နေတာပေါ့မမြင်ဘူးလား"ရတုတစ်ယောက်Companyမှာအလုပ်တွေရှုပ်နေတာနဲ့ဘုန်းထက်အားလာမတွေ့သည်မှာတစ်ပတ်ပင်ရှိပြီဖြစ်သလိုဖုန်းပင်မဆက်ဘဲထားထားသောကြောင့်ဘုန်းထက်တစ်ယောက်ရတုအားစိတ်ဆိုးနေခြင်းဖြစ်သည်။ရတုက ဘုန်းထက်အနားသို့ပိုတိုးကပ်လိုက်ကာခါးလေးအားဖက်ထားလိုက်သည်။ဘုန်းထက်တစ်ယောက်ရုတ်တရပ်ကိုယ်လေးတုန်သွားကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now