Ep 52

1.7K 55 13
                                    

Ep 52(Unicode)

မှောင်မဲနေတဲ့နေရာတစ်ခု ကျွန်တော်ထင်တယ် ဒီနေရာမှာကျွန်တော်တစ်ယောက်ထဲလို့  အခုချိန်ကျွန်တော့်ဘေးမှာဘယ်သူမှရှိမနေဘူး ရုတ်တရပ်ကျွန်တော့်အရှေ့မှာပေါ်လာတဲ့တစ်စုံတစ်ယောက်
ကျွန်တော့်ရဲ့အလင်းရောင်လေး.......

"ဟင် လူကြီး ကျွန်တော့်ဆီလာတာလား"
"လူကြီး ကျွန်တော့်ဆီတကယ်လာတာမလား လာလေလူကြီး....."ပြုံးပြပြီးခေါ်နေတဲ့ကျွန်တော့်ဆီကိုလျှောက်လာတဲ့ကျွန်တော့်ချစ်ရသူ ဒါပေမယ့် ချစ်ရသူဟာကျွန်တော့်ကိုမမြင်သည့်အလား.....
ကျွန်တော့်ကိုကျော်ကာထွက်သွားသည်။ကျွန်တော်ကြောင်အစွာနောက်သို့လှည့်ကြည့်မိချိန်အခြားမိန်းခလေးတစ်ယောက်နဲ့ပြုံးပျော်ကာထွက်သွားတော့တော့မည့်ကျွန်တော့်ရဲ့ချစ်ရသူ

"လူကြီး မသွားပါနဲ့....... လူကြီး ကျွန်တော့်ကိုထားပြီးမသွားပါနဲ့.....လူကြီး......"

"အဟင့် လူကြီး မသွားပါနဲ့..... လူကြီး....."
"ခလေး သတိရလာပြီလား ခလေးကိုယ်ရှိတယ်နော်"သွင်ခက်တစ်ယောက်ခေါင်းကိုခါရမ်းကာမသွားပါနဲ့ဟုသာတားနေလေသည်။ခွန်းစစ်မှာ ခနခန မတော်တဆဖြစ်နေသောသွင်ခက်ကြောင့်စိတ်မောနေလေသည်။ခွန်းစစ်လည်း ချွေးတွေပြန်ကာခေါင်းသာရမ်းနေသော သူလေးရဲ့လက်ကိုကိုင်ထားကာ

"ခလေး.....ကိုယ်ရှိတယ်လေ"ခွန်းစစ်စကားအဆုံးသွင်ခက်မှာမျက်လုံးပွင့်လာကာ

"အဟင့်....ရေ ရေဆာတယ်"
"ခဏလေးနော်ခလေး ကိုယ်တိုက်မယ်"ခွန်းစစ်လည်းဘေးနားကခုံပေါ်တွင်အသင့်ရှိနေသောဖန်ခွက်ထဲကရေလေးအားယူလိုက်ကာ သွင်ခက်ကိုယ်အား နည်းနည်းမလိုက်ပြီးရေသောက်ရန်ပိုက်တပ်ပေးလိုက်သည်။သွင်ခက်လည်းရေသောက်ပြီး၍ပြန်လှဲနေလိုက်ပြီးမကြာခင်ဆရာဝန်ရောက်လာကာသွင်ခက်အားစမ်းသပ်နေသည်။

"အားလုံးပုံမှန်ပါဘဲ စိုးရိမ်စရာတော့မရှိတော့ပါဘူး ခေါင်းကိုက်သေးလားလူနာ"
"သိပ်တော့မကိုက်ပါဘူး ဒါမဲ့နည်းနည်းဘဲ"သွင်ခက်၏အဖြေအားဆရာဝန်ကခေါင်းညိတ်လိုက်ကာ

"အင်းခေါင်းကိုလည်းထိထားလို့ပါ မကြာခင်သက်သာမှာပါ  ဒါကသောက်ရမဲ့ဆေးစာရင်းတွေပြီးရင်သွားထုတ်လိုက်ပါ"
"ဟုတ်ကဲ့ဆရာ" ခွန်းစစ်က ​ဘေးနားကNurseမလေးပေးလာသောဆေးစာရင်းကိုကာခုံပေါ်တွင်ခဏတင်ထားလိုက်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now