Ep 43

1.3K 53 0
                                    

Ep 43(Unicode)

ခွန်းစစ်နဲ့သွင်ခက်တို့နေ့လည်ဘက်TVကြည့်နေချိန်အိမ်ရှေ့သို့တစ်ယောက်ယောက်လာသံကြားလို့ကြည့်လိုက်တော့

"ဪ သော်တာ လာလေဘာကိစ္စလဲ"သွင်ခက်ကသော်တာ့အားတွေ့ကာအံ့သြ သွားပြီးမေးလိုက်မိသည်။ အရက်ကဆိုတွေ့မယ်ဆိုဖုနအရင်ဆက်နေတဲ့သူက ခုတော့အိမ်ရောက်လာပြီဆို ဖုန်းမဆက်ဘဲရောက်ရောက်လာတတ်သည်။

"ဪငါလမ်းကြုံလို့လေ ဒီမှာနင့်အတွက်ငါချောကလပ်ဝယ်လာတယ်"သော်တာကချောကလပ်အားသွင်ခက်ကိုပေးကာခွန်းစစ်ကိုတစ်ချက်
ကြည့်လိုက်သည်။သွင်ခက်ကတော့ချောကလပ်ကိုယူလိုက်ကာ

"ကျေးဇူးဘဲ ဒါနဲ့ထမင်းစားပြီးပြီလား"
"အေး ငါအပြင်ကစားလာပြီးပြီ ဪဒါနဲ့ကိုခွန်းစစ်ကိုအဖေကဆွေးနွေးစရာလေးရှိလို့တဲ့ခေါ်ခိုင်းလိုက်တယ် အရေးကြီးတယ်ထင်တယ်"
"ဟုတ်လား ဘာကိစ္စပါလိမ့်"သော်တာ့အပြောကိုခွန်းစစ်ကစဥ်းစားနေလေသည်။သွင်ခက်ကစဥ်းစားနေသောခွန်းစစ်အား

"လူကြီး အရေးကြီးရင်လိုက်သွားလေ "
"ခလေးတစ်ယောက်ထဲရလို့လား ခဏနေရင်တော့ရတုလာလိမ့်မယ်"ခွန်းစစ်အပြောကိုသွင်ခက်ကခေါင်းညိတ်လိုက်ကာ

"ရပါတယ် လူကြီးသာအေးဆေးသွား"
"အင်း ဒါဆိုကိုယ်အမြန်ပြန်လာမယ်နော်"ခွန်းစစ်ကပြောပြီးသည်နှင့်အပေါ်ကိုတက်ကာအင်္ကျီလဲဖို့သွားလိုက်သည်။သွင်ခက်လည်းချောကလပ်လေးအားဘေးနားသို့ခဏချထားလိုက်သည်။သော်တာကတော့သွင်ခက်အားကြည့်ကာ

'စားလိုက်သွင်ခက်ရေ အရသာရှိမှာသေချာတယ်'

ခွန်းစစ်နှင့်သော်တာတို့က ကားတစ်စီးဆီသွားကြသည်။သွင်ခက်လည်းသော်တာတို့သွားသည်
နှင့်TVကြည့်နေလိုက်သည်။ထိုအချိန်ဖုန်းလာလို့
ကြည့်လိုက်တော့ဘုန်းထက်ဖြစ်နေ၍

"အေး ပြော"
"ဟေ့ကောင် ငါဟိုတစ်နေ့ကအဖေနဲ့ဘန်ကောက်သွားတာလေ အဲ့မှာRoseကိုတွေ့ခဲ့တယ်"ဘုန်းထက်၏အပြောကြောင့်သွင်ခက်က

"ဟာ ဟုတ်ရဲ့လား သော်တာပြောတော့Roseကသူ့အမေနေမကောင်းလို့စက်ာပူပြန်သွားတာဆို"
"အေး မသိဘူးကွ ငါတော့အသေချာဘဲ"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now