Ep 16

2K 100 1
                                    

Ep 16(Unicode)

မီးဖိုချောင်တွင်ဝယ်လာသောပစ္စည်းတွေလည်းရှိနေတာကြောင့်သွင်ခက်ကလုပ်ပေးဖို့ပြင်လိုက်ချိန်ရုတ်တရပ်ရောက်လာသောသူက.....

"မင်းဘာလုပ်နေတာလဲ "
"ဗျာ ကျွန်တော် လူကြီးအတွက်hot potလုပ်ပေးမလို့ပါ"

"မလိုဘူး ငါ့ဘာသာလုပ်တတ်တယ်"
"ဟုတ်"သွင်ခက်လည်းပစ္စည်းတွေကိုချလိုက်ကာ
ဘေးနားတွင်သာရပ်နေလိုက်သည်။ခွန်းစစ်က
ဂတ်စ်ဖီးဖိုအားစားပွဲခုံပေါ်တွင်တင်လိုက်ကာ အသီးအရွက်တွေကိုလည်းဆေးကြောလိုက်သည်။

"ငါ့ကိုလိမ်တဲ့သူတွေကိုငါမုန်းတယ်"ရုတ်တရပ်ထပြောလာသောစကားသံတို့ဟာ တိတ်ဆိတ်နေသော မီးဖိုခန်းလေးထဲတွင် ဟိန်းထွက်နေလေသည်။သွင်ခက်က ခေါင်းကိုသာငုံ့ထားကာ

"ကျွန်တော် လူကြီးကိုတကယ်တောင်းပန်ပါတယ်
ကျွန်တော့အစကမကူညီဖို့တွေးပါသေးတယ် ဒါပေမယ့် ကိုယ်မချစ်တဲ့သူနဲ့ယူရမဲ့လူတစ်ယောက်ရဲ့ဘဝကိုဒီတိုင်းမကြည့်နိူင်တာနဲ့...."
"မင်းကရော"

"ဟင်!!!" သွင်ခက်ပြောတဲ့စကားမဆုံးသေးခင်ရုတ်တရပ်မေးလာသောသူကြောင့်သွင်ခက်စကားတို့ရပ်တန့်သွားရသည်။

"မင်းကရော သော်တာဝေနဲ့ဘာများကွာခြားနေလို့လဲ ငါ့ကိုရောမြင်ဖူးလား ပြီးတော့ ငါ့ကိုရောချစ်လို့လား"
"ကျွန်တော်...."
"အဟက်!!!" ခွန်းစစ်က အသားလုံးတွေကိုဆယ်ကာတစ်ချက်တော့ရယ်မိသွားသည်။ကိုယ်ကိုယ်တိုင်တောင်မသိမမြင်ဖူးတဲ့လူတစ်ယောက်နဲ့လက်ထပ်ရတာကိုသူများကိုကယ်တင်ချင််နေသေးတယ်။သွင်ခက်လည်း ဘာမှမဖြေနိူင်တဲ့အဆုံးအပေါ်ကိုသာတက်လာခဲ့သည်။ပြီးသည်နှင့်ဖုန်းကိုင်ကာအမေဖြစ်သူအားဖုန်းခေါ်လိုက်သည်။

"ဟယ်လိုမေမေ"
"သား အမေကဒီနေ့ဘဲ ပြန်ရောက်တာ"

"ဪအမေ သားကဘုန်းထက်အိမ်မှာ ညအိပ်မလို့"
"ဪသားဘုန်းလေးဖျားလို့လား"

"မဟုတ်ပါဘူးမေမေ သူအဖေပြန်မလာဘူးဆိုလို့ပါ အဲ့ဒါကြောင့်"
"ဪရတယ် မေမေ မနက်ကျရင် နန်းကြီးသုတ် လုပ်ထားမလို့နှစ်ယောက်လုံးလာခဲ့ကြနော်"
"အင်း လာမှာပေါ့ မေမေ့လက်ရာကိုလွမ်းနေတာ"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now