Ep 37

1.3K 61 0
                                    

Ep 37(Unicode)

ခွန်းစစ်တစ်ယောက်ညကအလုပ်လုပ်ရင်းအိပ်ငိုက်သွားတာကြောင့်အလုပ်ခန်းထဲမှာတင်အိပ်ပျော်သွားသည်။ညနေကအလုပ်ကပြန်လာချိန်အကိုလေးကအပြင်ထွက်သွားတယ်ဟုအိမ်တော်ထိန်းကပြောလာ၍သက်ပြင်းချကာအိမ်ထဲဝင်ပြီးအလုပ်လုပ်နေခဲ့တာညကသွင်ခက်တစ်ယောက်ဘယ်ချိန်အိမ်ပြန်လာလဲတောင်မသိလိုက်ပေ။ခွန်းစစ်လည်းအလုပ်ခန်းထဲမှထွက်ကာအိပ်ခန်းထဲသို့ဝင်လာတော့ကုတင်ပေါ်တွင်သွင်ခက်မရှိ၍နိူးနေပြီဟုတွေးလိုက်ကာရေချိုးခန်းထဲသို့ဝင်ကာမျက်နှာသစ်လိုက်သည်။ဒီနေ့တော့အလုပ်ပိတ်၍မနေ့ကစကားများထားတာကို
သွင်ခက်အားအေးဆေးပြန်တောင်းပန်ကာအပြင်ထွက်လည်မယ်ဟုစိတ်ကူးထားသည်။ဘယ်လိုပင်ကိုယ်ကမှန်နေပါစေ ကိုယ်ကအကြီးဖြစ်နေ၍အလျှော့ပေးရမည်မလား။

ခွန်းစစ်တစ်ယောက်အောက်သို့ဆင်းလာတော့မနက်စာဝိုင်းတွင်ဘယ်သူမှမရှိပေ။ထမင်းချက်တွေကလည်းပြင်ပြီးတာနဲ့ထွက်သွားကာပြီးမှလာသိမ်းတာကြောင့်ဘယ်သူ့ကိုမေးရမယ်မသိပေ။ထိုအချိန်အိမ်တော်ထိန်းကဝင်လာကာ

"သားခွန်းစစ် ဒီမှာခြံရှေ့ကိုလူတစ်ယောက်လာပေးသွားတာ"
"ဘယ်သူပေးတာလဲ"ခွန်းစစ်ကအိမ်တော်ထိန်းကမ်းပေးလာသောစာအိတ်လေးကိုယူကာမေးတော့

"အဲ့ဒါနာမည်မေးမလို့အဲ့သူငယ်လေးကချက်ချင်းကိုဆိုင်ကယ်မောင်းပြီးပြေးသွားတာသားရဲ့"
"ဪထားပါတော့ ဒါနဲ့သွင်ခက်ရော"

"သားသွင်ခက်က ညကပြန်မလာဘူးထင်တယ်ဦးငွေလည်း၁၂နာရီလောက်ထိစောင့်နေသေးတယ်ပြီးမှအိပ်ချင်တာနဲ့...."
"အင်းရပြီ ဦးငွေ လုပ်စရာရှိတာသွားလုပ်တော့"ခွန်းစစ်တစ်ယောက်ညကပြန်မလာဘူးဆိုသောကြောင့်မျက်နှာပျက်သွားကာစိတ်ပူသွားမိသည်။ကိုယ့်ကိုသိတ်ဆိုးပြီးဘာတွေလျှောက်လုပ်နေပြီလဲ။
ပြီးသည်နှင့်မနက်စာဝိုင်းတွင်ပြန်ထိုင်ကာခုနကစာအိတ်အားဖွင့်ကာကြည့်လိုက်သည်။

ခွန်းစစ်တစ်ယောက်စာအိတ်ထဲကထွက်လာသောအရာတွေကိုမြင်လိုက်သည်နှင့်မယုံနိူင်စွာခေါင်းခါမိသွားသည်။ပြီးသည်နှင့်မျက်နှာတွေနီလာကာဒေါသတွေထွက်သွားသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now