Ep 28

1.6K 74 0
                                    

Ep 28(Unicode)

သွင်ခက်တစ်ယောက်ဟိုနေ့ကထဲကစကားမပြောသောသူကြောင့်နည်းနည်းတော့စိတ်မကောင်းဖြစ်နေမိသည်။

'လူကြီးကငါ့ကိုစိတ်ပျက်သွားတာလား'

သွင်ခက်အပေါ်ကနေဆင်းလာတော့မနက်စာဝိုင်းတွင်ထိုင်နေသောလူကြီးကြောင့်အနားသို့အမြန်သွားလိုက်သည်။မီးဖိုချောင်ကိုတာဝန်ယူရတဲ့ဒေါ်နွယ်ကလည်းပြင်ပြီးတာနဲ့ထွက်သွားကာခဏနေမှပြန်လာပြီးသိမ်းသောကြောင့်မနက်စာဝိုင်းတွင်ခွန်းစစ်နှင့်သွင်ခက်သာရှိနေသည်။သွင်ခက်တစ်ယောက်အရှေ့ကသတင်းစာဖတ်နေသောခွန်းစစ်ကိုကြည့်ကာ

"လူကြီး ကော်ဖီသောက်မှာမလားကျွန်တော်လုပ်ပေးမယ်နော်"
"အင်း"ခွန်းစစ်ကသတင်းစာဖတ်နေရင်းသွင်ခက်ကိုမကြည့်ဘဲဖြေလိုက်သည်။သွင်ခက်လည်းကော်ဖီထည့်ပေးပြီးတာနဲ့အရှေ့သို့ချပေးလိုက်တော့ခွန်းစစ်ကသတင်းစာအားဘေးသို့ချကာကော်ဖီကိုသောက်လိုက်သည်။

"လူကြီး နောက်နေ့ကျွန်တော့်ဆိုင်လာခဲ့လေ ကျွန်တော်ကိုယ်တိုင်လူကြီးအတွက်ဖျော်ပေးမယ်"
"အင်းလာခဲ့မယ်"ဒီထက်ပိုပြီးစကားမပြောလာသောသူကြောင့်သွင်ခက်တစ်ယောက်အခက်တွေ့နေမိသည်။
ခွန်းစစ်တို့မနက်စာဝိုင်းလေးကတိတ်ဆိတ်စွာနဲ့ဘဲ ပြီးဆုံးသွားသည်။ခွန်းစစ်လည်းCompanyသွားဖို့အဝတ်စားလဲရန်အပေါ်သို့တတ်လာခဲ့သည်။သွင်ခက်လည်းလည်းအပေါ်သို့အရင်တတ်သွားသောသူ့လူကြီးနောက်သို့အမြန်လိုက်လာခဲ့သည်။

ခွန်းစစ်မှာအဝတ်စားလဲနေရင်းခါးပေါ်သို့ရောက်လာသောလက်တစ်စုံကြောင့်ပြုံးလိုက်မိသည်။ကျွန်တော်သိတာပေါ့ကျွန်တော်စိတ်ဆိုးသွားပြီဆိုပြီးထင်နေတာကို အစကပြန်ခေါ်မလို့ပါဘဲ ဒါပေမယ့်စချင်နေတာနဲ့တမင်စကားမပြောဘဲနေနေရတာလူကသိပ်တော့အဆင်မပြေ။အခုလည်းအနောက်ကနေလာဖက်နေတဲ့အကောင်ပေါက်လေးကြောင့်ပြုံးမိပြန်ပြီ။

"လူကြီး ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင်"
"ဘယ်လိုထင်လို့လဲ"ခွန်းစစ်ကသွင်ခက်အားလှည့်မကြည့်ဘဲပြောနေသည်။သွင်ခက်ကခွန်းစစ်ရဲ့ကျောပြင်လေးအား ခေါင်းလေးမှီနေကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now