Ep 38

1.3K 64 0
                                    

Ep 38(Unicode)

"အဲ့ဒါနဲ့ငါ့အိမ်ရောက်လာတယ်ဆိုပါတော့"
"အေး ဘာလဲ မင်းကမနေခိုင်းချင်ဘူးလား"သွင်ခက်တစ်ယောက်အမေဖြစ်သူဆီသွားရင်မေးလာမဲ့မေးခွန်းတွေကို မဖြေချင်၍ဘုန်းထက်အိမ်သို့ရောက်လာလေသည််။ဘုန်းထက်တစ်ယောက်
သွင်ခက်၏ရှင်းပြချက်အဆုံးခေါင်းညိတ်လိုက်ကာ

"အဲ့ဒါတော့မင်းမှားတာ"
"........"ဘုန်းထက်စကားကြောင့်သွင်ခက်မှာထပ်အံ့သြရပြန်သည်။

"မင်းအရမ်းမသောက်သင့်ဘူး အခုတော့လုပ်တဲ့သူကမင်းလာမှာကြိုသိနေသလိုဘဲ အကွက်ကျကျကိုထည့်သွားတာ"
"ဒါမဲ့ငါအဲ့မိန်းခလေးနဲ့ဘာမှမဖြစ်ခဲ့ပါဘူးကွာ လူကြီးကငါ့ကို......"ပြောရင်းနဲ့ခေါင်းငုံ့သွားသောသွင်ခက်ကြောင့်ဘုန်းထက်လည်းအပြစ်မတင်နိူင်တော့ပေ။ဘုန်းထက်လည်းသွင်ခက်ပုခုံးအားဖက်လိုက်ကာ

"အေးပါကွာ ငါရှင်းပြပေးပါ့မယ်"
"တကယ်လား" အခါမှမမျှော်လင့်ချက်ရောင်ခြည်လေးပြန်ရသလိုဖြစ်သွားသောသူကြောင့်

"အေး တကယ်"
"ပြီးရောဟဲဟဲ"လိုချင်တာရသွားသောခလေးတစ်ယောက်လို ရယ်လာသောသူငယ်ချင်းဖြစ်သူကြောင့်ဘုန်းထက်လည်းခေါင်းခါလိုက်မိသည်။

'ငါတော့ကြားသုံးကြားဝင်မိပြန်ပြီ'

🌿🌿🌿🌿🌿🌿🌿🌿🌿

"ရော့ ပိုက်ဆံ ပါးစပ်လုံပါစေ ပြီးတော့နင်ပြန်လို့ရပီ ငါအာလုံးစီစဥ်ပြီးပြီ"
"Ok Good Luck"ပြောပြီးသည်နှင့်ထိုမိန်းခလေးကပိုက်ဆံယူကာTaxiပေါ်သို့တက်သွားသည်။

"အဟက် သွင်ခက် ခုချိန်နင်ဘာဖြစ်နေပြီလဲ"သော်တာတစ်ယောက်မနေ့ကသွင်ခက်ကအရက်သွားသောက်မယ်ပြောလာ၍ငြင်းလိုက်ကကာသူတို့သွားနေကျClubဘဲသွားမယ်ဆိုတာသိနေ၍နောက်မှ အကွက်ချထားသောအစီစဥ်အားအမြန်ပင်အကောင်ထည်ဖော်လိုက်သည်။ညကသွင်ခက်နားသို့ရောက်လာသောမိန်းခလေးအားပိုက်ဆံအနည်းငယ်ပေးကာအရက်ခွက်ထဲသို့အိပ်ဆေးထည့်ခိုင်းလိုက်သည်။နောက်မှသွင်ခက်မှောက်သွားချိန်စီစဥ်ထားသလိုပင်သွင်ခက်နှင့်မိန်းခလေးတစ်ယောက်၏အထင်လွှဲစရာပုံများကိုရိုက်ယူကာခွန်းစစ်ဆီပို့ပေးခဲ့ခြင်းဖြစ်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now