Ep 7

2K 104 1
                                    

Ep 7(Unicode)

သွင်ခက်လည်းအမေဖြစ်သူအားထပ်မလိမ်ချင်ပေမယ့်ထမင်းစားပြီးတာနဲ့
သူငယ်ချင်းရဲ့အိမ်မှာနာရေးရှိသေးလို့ဆိုကာလေးငါးရက်လောက်နေပေးရမည်ဟုပြောပြီးပြန်လာခဲ့ရသည်။အမေဖြစ်သူကလည်းနာရေးဆိုသောစကားကြောင့်သွားခွင့်ပေးလိုက်၍တော်သေးသည်။သွင်ခက်တစ်ယောက်အိမ်ပြန်ရောက်တော့ညနေ၆နာရီတောင်ရှိနေပြီဖြစ်သည်။

'ဒီအချိန်ဟိုလူကြီးပြန်ရောက်ပြီလားမသိဘူး'

သွင်ခက် အိမ်ထဲသို့အရင်ဝေ့ကြည့်ရင်းဝင်လာတော့ဧည့်ခန်းထဲတွင်ထိုင်နေသောလူကြီးကြောင့်ခြေလှမ်းတို့ရပ်သွားသည်။သို့ပေမယ့်အမူရာမပျက်ဘဲအထဲသို့ဝင်သွားလိုက်သည်။
ခွန်းစစ်တစ်ယောက်ခုထိပြန်မလာသေးသောသူအားထိုင်စောင့်နေချိန်အရှေ့ကဝင်လာသောအရိပ်လေးကြောင့်

"သော်တာ မနက်ထဲကသွားတာ အခုမှပြန်လာတာလား"
"အာ အဲ့ဒါက သူငယ်ချင်းရဲ့အမေကနေမကောင်းလို့လေ သူကအလုပ်သွားရတော့အဲ့မှာဘဲနေပေးနေတာ"ခွန်းစစ်လည်းအရှေ့ကနေမျက်နှာငယ်လေးနဲ့ပြောနေသောသူကြောင့်ခေါင်းညိတ်ပြလိုက်ကာ

"အင်း ရေချိုးတော့ထမင်းစားဖို့ကိုယ်စောင့်နေမယ်"
"ဟုတ်ကဲ့"သွင်ခက်လည်းအပေါ်သို့အမြန်တက်သွားလိုက်သည်။ဒီနားမှာဆက်နေရင်ဘာတွေမေးအုန််းမလဲမသိတာကြောင့်အမြန်တက်ခဲ့ရသည််။ခွန်းစစ်လည်းနေ့လည်ကCompanyမှာအလုပ်တွေလုပ်နေရတာနဲ့တင်စုံစမ်းခိုင်းထားတဲ့သူအကြောင်းကိုမမေးရသေးပေ။ခုံပေါ်ကဖုန်းအားယူလိုက်ကာရတုအားလှမ်းခေါ်လိုက်သည်။
ရတုကခွန်းစစ်တို့ခြံထဲမှာဘဲ တစ်ထပ်တိုက်တစ်လုံးဆောက်ပြီးနေရတာကြောင့်လာခဲ့ဖို့ခေါ်လို့ရပေမယ့်ဖုန်းနဲ့သာမေးလိုက်သည်။

တီ....တီ.....တီ.....
"Hello Boss "
"ဟိုတစ်ယောက်အကြောင်းပြော" ခန်းစစ်လည်းရတုဖုန်းကိုင်သည်နှင့်တိုတိုတုတ်တုတ်ပင််တန်းမေးလိုက်သည်။

"ဟုတ်ကဲ့  သူ့နာမည်ကဘုန်းထက်ပိုင်ပါသူ့အဖေကကျွန်တော်တို့Companyနဲ့အလုပ်လုပ်ဖူးတဲ့ ထဲကဆောက်လုပ်ရေးCompanyတစ်ခုပါဘဲဦးထက်ပိုင်လို့ခေါ်ပါတယ် အဲ့ကောင်လေးနဲ့မမလေးသော်တာက တက္ကသိုလ်မှာစခင်ကြတာပါ။ပြီးတော့လွှမ်းရိပ်သွင်ခက်ဆိုတဲ့ကောင်လေးရှိပါသေးတယ်။ပြောရရင်သူငယ်ချင်းသုံးယောက်ပါဘုန်းထက်နဲ့အဲ့ကောင်လေးကတော့ငယ်ငယ်ထဲကပေါင်းလာကြတာပါ။ဘုန်းထက်ပိုင်ကဆိုးသွမ်းတဲ့ထဲမှာမပါပါဘူး။
အမေကတော့မရှိတော့ဘူး။အဝေးသင်တတ်ပြီးသူ့အဖေCompanyမှာဘဲအလုပ်လုပ်နေတာပါ တရားဝင် ဝန်ထမ်းတော့မဟုတ်သေးပါဘူး
အခုမှလေ့လာရင်းလုပ်ကိုင်ပေးနေတဲ့သဘောပါ
ဒါပါဘဲ။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now