Ep 19

2.1K 104 0
                                    

Ep 19(Unicode)

ဒီနေ့ခွန်းစစ်ကအလုပ်ပိတ်တာကြောင့်သွင်ခက်နှင့်အပြင်သွားဖို့လုပ်ထားကြသည်။လက်ထပ်ပြီးထဲကနှစ်ယောက်အတူတူဘယ်မှမသွားဖြစ်သေး၍အပြင်ထွက်လည်ဖို့စီစဥ်လိုက်ကြသည်။
အပြန်ကိုလည်းရုပ်ရှင်ကြည့်မယ်ဆိုကာပြောထားသည်။
ခွန်းစစ်လည်းအဝတ်စားလဲကာအောက်သို့ဆင်းလာချိန်အနားသို့ အပြေးရောက်လာသောသွင်ခက်ကြောင့်

"ချာတိတ် ချော်လဲမယ်လေဖြည်းဖြည်းလာပါ"
"ဟိုလေ လူကြီးကိုပြောစရာရှိတယ်"သူလိုချင်တာရှိရင်လူကြီးလူကြီးနှင့်ပြောကာတခြားအချိန်တွေဆိုအကိုဟုခေါ်တတ်သောသွင်ခက်ကိုကြည့်ကာ

"ပြောစေ"
"ဟိုလေ ဘုန်းထက်က ကျွန်တော်တို့နဲ့လိုက်မလို့တဲ့"
"အင်းရတယ်လေ"
"အဲ့ဒါဆိုဖုန်းဆက်လိုက်မယ်နော် ဟဲဟဲ"သွားလေးဖြီးကာရယ်ပြရင်းဆိုဖာမှာသွားထိုင်နေသောကောင်လေးအားကြည့်ကာခေါင်းခါမိသည်။

'အင်း ချာတိတ်ကမိန်းခလေးလိုလည်းချစ်ဖို့ကောင်းတယ် ဒီလိုလေးလည်းချစ်ဖို့ကောင်းတယ်'

"အေးTaxiစီးလာခဲ့လေအဲ့ဒါဆို"
"အင်းပါ ရတယ်"ခွန်းစစ်လည်းဖုန်းပြောနေသော
သွင်ခက်ဘေးတွင်ထိုင်လိုက်ကာ

"ဘုန်းထက်က ကားနဲ့လာမှာလား"
"မဟုတ်ဘူး သူ့ကားကမနေ့ကပျက်သွားလို့တဲ့Taxiနဲ့ဘဲလာမယ်တဲ့ ကျွန်တော် တို့အိမ်ကိုအခုလာပြီတဲ့"
"ဪအင်းပါ အပြန်ကျရင်ကိုယ်တို့သွင်ခက်အမေဆီသွားအုန်းမလား"
"အင်းလူကြီးသွားမယ်ဆိုသွားလေ ရတယ်"

"အင်းကိုယ်တို့ကိုအန်တီ့ဆီအရင်ပို့ခိုင်းပြီးဘုန်းထက်ကိုရတုနဲ့ပို့ခိုင်းလိုက်မယ်"
"ဟုတ် လူကြီးအဆင်ပြေရင်ပြီးတာဘဲ"ခွန်းစစ်
လည်းသွင်ခက်ခေါင်းလေးကိုပုတ်ပေးလိုက်သည်။
သွင်ခက်တစ်ယောက်ခွန်းစစ်အားမော့ကြည့်ကာ

"လူကြီးကျွန်တော့်ကိုယူလိုက်ရလို့စိတ်ပျက်သွားလားဟင်"
"မပျက်ပါဘူး ဖူးစာလို့ဘဲမှတ်ထားတယ်"

"အင်း ကျွန်တော်ကတော့အစကလူကြီးကိုလိမ်ထားတုန်းကစိတ်ပျက်မိတယ် အဝတ်စားကအစစိတ်ရှုပ်ဖို့ကောင်းလို့စိတ်ပျက်တယ် မချစ်ဘဲယူခဲ့ရလို့စိတ်ညစ်ရမယ်ထင်ခဲ့တာ"
"အခုရော ချစ်လား"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now