Ep 25

1.8K 80 1
                                    

Ep 25(Unicode)

ခွန်းစစ်တစ်ယောက်အစည်းဝေးပြီးတာနဲ့အခန်းထဲမှရတုနဲ့ထွက်လာချိန်

"Boss ဦးမြတ်ထွန်းတို့Companyက သူ့သမီးရွှေဇင်သွန်းရောက်နေပါတယ်"
"သူဘယ်မှာလဲ "ခွန်းစစ်မေးတော့အရှေ့ကဝန်ထမ်းလေးက

"Bossရုံးခန်းမှာစောင့်နေမယ်ဆိုပြီးသွားပါတယ်"
"ရပြီ သွားတော့"ခွန်းစစ်တစ်ယောက်ရတုလက်ထဲကိုဖိုင်တွေပေးလိုက်ကာရတုနဲ့အတူတူရုံးခန်းသို့လာခဲ့သည်။ထိုအချိန်တံခါးဖွင့်လိုက်သည်နှင့်မြင်လိုက်ရသောမြင်ကွင်းကြောင့်ခန္ဓာကိုယ်ထဲကသွေးတွေ​ပွက်ပွက်ဆူသွားမိသည်။
ကြမ်းပြင်ပေါ်တွင်ဒူးတစ်ဖက်ထောက်ကာကော်ဖီတွေသုတ်နေသော သွင်ခက်နှင့်ဆိုဖာပေါ်တွင်ထိုင်ကာပြုံးနေသောသူမကြောင့်

"အဲ့ဒါဘာလုပ်နေတာလဲ"သွင်ခက်နှင့်ရွှေဇင်သွန်းတို့အသံတစ်ခုကြောင့်လန့်သွားကာအနောက်သို့လှည့်ကြည့်လိုက်တော့ မျက်လုံးတွေရဲကာဒေါသထွက်နေသောခွန်းစစ်ကြောင့်
သွင်ခက်တစ်ယောက်မတ်တပ်ရပ်လိုက်ကာ

"ဟို အဲ့ဒါကကော်ဖီတွေမှောက်...."
"အခုလုပ်နေတဲ့ဟာကိုမေးနေတာ"ခွန်းစစ်ကသွင်ခက်အားမေးနေချိန်ရွှေဇင်သွန်းကဆိုဖာကနေထလာပြီးခွန်းစစ်ဘေးနားသို့လာကာ

"ခွန်းရဲ့အလုပ်သမားပေါ့ ကော်ဖီလေးဖျော်ခိုင်းပြီးလာပို့ခိုင်းတာကိုမှောက်အောင်လုပ်တယ်လေ အဲ့ဒါကြောင့်သူ့ကိုသုတ်ခိုင်းလိုက်တာ"သူမစကားကြောင့်အနောက်တွင်ရပ်နေသောရတုတောင်လန့်သွားကာခွန်းစစ်ကတော့ပို၍ပင်ဒေါသထွက်လာရသည်။ချက်ချင်းပင်သွင်ခက်အနားသို့လာပြီး

"လိုလို့လား ဟမ် မင်းကဘယ်သူမို့လို့ဒီလိုတွေလုပ်နေရတာလဲ"ခွန်းစစ်ရဲ့အော်သံကြောင့်သွင်ခက်မှာကိုယ်လေးပင်တုန်သွားရသည်။

"သူက ဘယ်သူမို့လို့လဲ ခွန်းကဘာတွေဒေါသထွက်...."
"မင်းပါးစပ်ကိုပိတ်ထားစမ်း"ခွန်းစစ်ရဲ့အော်သံကြောင့်သူမပါလန့်သွားရသည်။ခုချိန်ထိဒီလောက်ဒေါသမထွက်ဖူးတဲ့သူက ယခုမူသူ့ရှေ့မှာ
တော့ မျက်လုံးတွေရဲနေကာအသံတွေကအစတင်းမာနေသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now