Ep 23

1.8K 83 0
                                    

Ep 23(Unicode)

မနက်ခင်းရဲ့အချိန်ခါလေးကနွေးထွေးသောနေရောင်ခြည်လေးနဲ့စတင်လိုက်သည်။ခွန်းစစ်ရေချိုးခန်းထဲကထွက်လာတော့အိပ်ယာပေါ်တွင်လှုပ်ရှားနေသောသွင်ခက်ကြောင့်အနားသို့သွားလိုက်ကာ

"နိူးပြီလားခလေးလေး "
"ဟင်  အင်း......လူကြီး"အကြောဆန့်ကာမထသေးသောသူလေးအားခွန်းစစ်တစ်ယောက်နံဖူးလေးကိုနမ်းလိုက်ကာ

"ထတော့လေ ကိုယ်ဒီနေ့ခလေးကိုCompanyခေါ်သွားမလို့"
"အာ.....မျက်နှာမသစ်ရသေးတာကို နမ်းတယ်"

သွင်ခက်ပြောတော့ခွန်းစစ်ကသွင်ခက်အားသေချာကြည့်ကာ

"ကိုယ်တော့ မရွံပါဘူး ထတော့ရေသွားချိုး အမူးသမားလေး"ခွန်းစစ်ကသွင်ခက်အားဆွဲထူလိုက်သည်။သွင်ခက်လည်းသူ့ကိုအမူးသမားလေးလို့ပြောမှဘုန်းထက်အားသတိရသွားကာ

"ဘုန်းထက်ရောညကသူ့ကိုထားခဲ့တာလား"
"မထားပါဘူးဗျာ ရတုရဲ့တိုက်မှာပါ ကိုယ့်ဆီက ကျန်တဲ့အခန်းတွေကဖုန်တွေနဲ့မို့လို့ရတုဆီကကုတင်လည်းကျယ်ပါတယ် ကဲမျက်နှာသစ်ရေချိုးတော့"
"ဟုတ်ကဲ့ပါ"သွင်ခက်လည်းအခုမှစိတ်အေးသွားကာကုတင်ပေါ်မှဆင်းပြီးရေချိုးခန်းထဲသို့ဝင်သွားသည်။ခွန်းစစ်လည်းဗီရိုရှေ့သို့လာကာအဝတ်စားထုတ်ပြီးဝတ်လိုက်ကာသွင်ခက်အတွက်ပါတစ်ခါတည်းထုတ်ပေးလိုက်သည်။

🌿🌿🌿🌿🌿🌿

တဖက်တွင်ခွန်းစစ်တို့ရဲ့မနက်ခင်းနိူးထမှုလေးကသာယာသလောက်ဒီမှာတော့................

ဘုန်းထက်တစ်ယောက်အခုမှနိူးလာကာကုတင်ပေါ်တွင်မျက်လုံးတွေကိုပွတ်နေသည်။ပြီးသည်နှင့်မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နဲ့ပင်ကြိုးစား
ဖွင့်လိုက်တော့မြင်လိုက်ရတဲ့အရာတွေအကုန်လုံးကသူ့အခန်းမဟုတ်ဘူးဆိုတာဖော်ပြနေ၍အမြန်ပင်ထဖို့ပြင်လိုက်တော့ခါးပေါ်သို့ရောက်နေသောလက်တစ်စုံကြောင့်ဘေးသို့ကြည့်လိုက်ချိန်ရတုအားတွေ့လိုက်ရ၍

"ဟင် အား......ခဗျား....."

ဘုတ်.....အင့်!!!

ရတုတစ်ယောက်အိပ်နေရင်းကုတင်ပေါ်ကပြုတ်ကျသွားသောကြောင့်အိပ်ချင်နေတဲ့စိတ်တွေ​လွင့်ပြယ်သွားကာမျက်လုံးဖွင့်ကြည့်လိုက်သည်။မဟုတ်ဘူး ပြုတ်ကျတာမဟုတ်ဘူးဖင်ကိုခြေထောက်နဲ့အကန်ခံလိုက်ရတဲ့ခံစားချက်ဘဲ။
ထိုအချိန်......

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now