Ep 24

1.8K 78 1
                                    

Ep 24(Unicode)

ခွန်းစစ်နှင့်သွင်ခက်တို့Companyရှေ့သို့ရောက်လာကြသည်။ယောင်္ကျားလေးအချင်းချင်းယူထားကြတယ်လို့သိပြီးထဲက တချို့ကရှယ်တွေပြန်ယူသွားကြတာကြောင့်နည်းနည်းတော့အထိခိုက်ရှိသွားသည်။သို့ပေမယ့်ခွန်းစစ်ပဏ္ဏာဆိုတာဒီလောက်က ဘာမှမဟုတ်၍ပုံမှန်အတိုင်းသာနေနေသည်။ခွန်းစစ်နှင့်သွင်ခက်တို့ကားပေါ်ကဆင်းကာရတုကတော့ကားပါကင်သွားထိုးနေသည်။
ခွန်းစစ်တစ်ယောက်Companyထဲသို့ဝင်တော့ဘေးနားက ကောင်လေးကခေါင်းငုံ့နေသောကြောင့်

"ခလေး ဘာဖြစ်လို့လဲ"
"ဟို ကျွန်တော်ကြောင့်လူကြီးသိက္ခာကျနေပြီလားယောင်္ကျားချင်း....."သွင်ခက်စကားပင်မဆုံးသေးခွန်းစစ်ကသွင်ခက်ပုခုံးလေးအားကိုင်လိုက်ကာ

"ကျစရာလား ကိုယ်သာမင်းကြောင့်သိက္ခာကျရမယ်ဆို ကိုယ်မင်းကိုကွာရှင်းတာကြာပြီပေါ့ကွာ
လာစိတ်မကောင်းဖြစ်မနေနဲ့ သွားမယ်"
"ဟုတ်"သွင်ခက်နှင့်ခွန်းစစ်တို့ဝင်သွားတော့Companyကသူတွေကခေါင်းငုံ့ကာအရိုသေပေးကြသည်။ခွန်းစစ်ကComapnyကလူတွေကိုအကုန်လုံးခေါ်လိုက်ကာ

"ဒါက ငါ့ရဲ့တရားဝင်လက်ထပ်ထားတဲ့ခင်ပွန်းဘဲ နာမည်ကလွှမ်းရိပ်သွင်ခက် လေးလေးစားစားဆက်ဆံကြ"
"ဟုတ်ကဲ့"ခွန်းစစ်ရဲ့စကအဆုံးမှာဝန်ထမ်းတွေအားလုံးကဘာမှမပြောနိူင်ကြပေ။တချို့ဆိုမော့တောင်မကြည့်ရဲ ကြ။ပြီးတာနဲ့သွင်ခက်ဘက်သို့လှည့်လိုက်ကာ

"သွားမယ် ခလေး"
"ဟုတ်"သွင်ခက်လည်းCompanyကသူတွေကိုပြုံးပြပြီးခွန်းစစ်ခေါ်ရာနောက်သို့လိုက်သွားလိုက်သည်။

"ဟဲ့ Bossရဲ့ကောင်လေးကချစ်စရာလေးနော်"
"ဟုတ်ပါ့ဟယ် Bossကရွေးတတ်လိုက်တာ"ထိုအချိန်

"အဟမ်း အဟမ်း အလုပ်မလုပ်ကြဘူးလား"
"လုပ်ပါ့မယ်အကိုရတုကလည်း"ဝန်ထမ်းတွေနောက်မှထွက်လာသောရတုကြောင့်အကုန်လုံး
ကိုယ့်နေရာကိုပြန်သွားကြ ကာအလုပ်လုပ်ကြသည်။ရတုလည်းပြီးတာနဲ့ခွန်းစစ်ဆီသို့သွားလိုက်သည်။
ရတုတစ်ယောက်တံခါးခေါက်လိုက်တာနဲ့
"ဝင်ခဲ့" ရတုဝင်သွားတော့သွင်ခက်ကဆိုဖာမှာထိုင်နေကာခွန်းစစ်ကဖိုင်တွေပြင်နေသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now