Ep 40

1.5K 57 0
                                    

Ep 40(Unicode)

မနက်ခင်းနေရောင်ခြည်ကလေးကနွေးထွေးမှုပေးနေသည်။
ကုတင်ပေါ်တွင်ခွန်းစစ်တစ်ယောက်လူးလိမ့်ကာထလာအချိန်ဘေးနားကိုကြည့်လိုက်တော့

"ဟင်"ဘေးနားတွင် ကွေးကွေးလေးအိပ်ပျော်နေသောသွင်ခက်ကြောင့်ခွန်းစစ်ကြောင်သွားမိသည်။

'နေပါအုန်း ငါညကBarမှာလေ သူကဘယ်လိုလုပ်...."ထိုအချိန်သွင်ခက်တစ်ယောက်နိူးလာကာ

"အား....ကျွတ် ကျွတ်"
"ဟေ့ သွင်ခက်မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ငါ့ဆီကိုပြန်မလာနဲ့လို့ပြောထားတယ်လေ"သွင်ခက်မှာ အိပ်ယာကနိူးနိူးပြီးချင်းခွန်းစစ်ပြောလိုက်သောစကားကြောင့်စိတ်မကောင်းဖြစ်သွားကာ

"ဒီမှာကျုပ်ကိုနှင်စရာမလိုပါဘူး ပြန်မှာပါ ညကခင်ဗျားမူးနေတယ်ဆိုပြီးBarကကောင်လေးဖုန်းဆက်လို့ကျုပ်ခင်ဗျားကိုဒီကိုပြန်ခေါ်လာတာ အချိန်မရှိတော့လို့တစ်ခါထဲအိပ်လိုက်တာ"
"အေး အဲ့ဒါဆိုလည်းအခုပြန်တော့"ကျေးဇူးမတင်ဘဲ အတင်နှင်လွှတ်နေသောခွန်းစစ်ကြောင့်

"စိတ်ချ ခဗျားဆီကိုတသတ်လုံးပြန်မလာဘူး"
သွင်ခက်တစ်ယောက်ပြောပြီးတာနဲ့ချက်ချင်းပင်ကုတင်ပေါ်ကနေဆင်းကာအခန်းထဲမှထွက်သွားသည်။ခွန်းစစ်လည်းကုတင်ပေါ်တွင်ပြန်ထိုင်လိုက်ကာ
"ဟူး......စိတ်ညစ်တယ်"
ခွန်းစစ်လည်းရေချိုးခန်းထဲဝင်ကာရေချိုးဖို့လုပ်လိုက်သည်။စိတ်ထဲတွင်တအားပြန်ခေါ်ချင်နေပေမယ့် ဒီလောက်တော့အပြစ်ပေးသင့်တယ်မလား။

🌿🌿🌿🌿🌿🌿🌿🌿

ခွန်းစစ်တစ်ယောက်ရုံးခန်းထဲတွင်စာရင်းစစ်နေချိန်အပြေးဝင်လာသောရတုကြောင့်

"ဘာဖြစ်လာတာလဲ"
"Boss အကိုလေးသွင်ခက်Accidentဖြစ်လို့xxxxဆေးရုံကိုရောက်နေတယ်တဲ့ အခုဘဲဘုန်းထက်ဖုန်းဆက်တယ်"
"ဘာ.......လာအမြန်သွားမယ်"ခွန်းစစ်မှာရတုပြောတဲ့စကားကြောင့်အလျင်အမြန်ပင်ခုံမှထကာကားဆီသို့သွားလိုက်သည်။ချက်ချင်းပင်ကားထဲဝင်လိုက်ကာရတုကိုတောင်မမောင်းခိုင်းဘဲသူကိုယ်တိုင်ဆေးရုံသို့မောင်းလာခဲ့သည်။

'ခလေးရယ် ဘာမှမဖြစ်ပါစေနဲ့'

ခွန်းစစ်တို့ဆေးရုံရောက်တော့သွင်ခက်အခန်းအားမေးလိုက်ကာအထဲသို့ဝင်သွားတော့ကုတင်ပေါ်တွင်လက်ကိုပတ်တီးစီးထားပြီးခေါင်းမှာလည်းပတ်တီးနှင့်ဖြစ်နေသောသွင်ခက်ကြောင့်
ခွန်းစစ်တစ်ယောက်သွင်ခက်နားသို့အမြန်သွားလိုက်သည်။ဘုန်းထက်ကခွန်းစစ်ရောက်လာတာနဲ့

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now