Ep 48

1.5K 61 2
                                    

Ep 49(Unicode )

အပြင်လူတွေမပါဝင်တဲ့မွေးနေ့ပွဲလေးက သူများတွေနဲ့မတူအောင်ပင်ပျော်ရွှင်ဖွယ်ကောင်းနေသည်။ညနေကရတုတို့ကသွင်ခက်အတွက်မှာထားသည့်ကိတ်လေးအားသွားယူကာအပြန်
တွင်သွင်ခက်၏အမေဖြစ်သူအားတစ်ခါတည်းခေါ်လာခဲ့သည်။မွေးနေ့ပွဲလေးတွင်ချစ်ရသောခင်ပွန်းအမေဖြစ်သူနှင့်အကိုလိုခင်သောရတု သူငယ်ချင်းဖြစ်သူသော်တာနှင့်ဘုန်းထက်တို့ဘဲရှိသောကြောင့်အိမ်တွင်ပျော်ပျော်ပါးပါးစားသောက်ကြကာ ပျော်ရွှင်ဖွယ်မွေးနေ့လေးကိုဖြတ်သန်းဖို့စိတ်ကူးထားသည်။သွင်ခက်အတွက်Birthday songလေးသီဆိုမှုအပြီး

"Happy birthday ခလေးလေး မွ"
"ဟာ လူကြီးကတော့"ခွန်းစစ်ကပြောပြီးသည်နှင့်သွင်ခက်နံဖူးလေးအားနမ်းလိုက်သည်။သွက်ခက်တစ်ယောက်အမေဖြစ်သူရှေ့တွင်လာနမ်းသောကြောင့်ရှက်နေသော်လည်းအမေဖြစ်သူကတော့ပြုံးနေကာ

"Happy birthdayပါသားလေး ခင်ပွန်းအပေါ်သိတတ်လိမ္မာတဲ့သားလေးဖြစ်ပါစေ ခင်ပွန်းကိုလည်းချစ်တဲ့သားလေးဖြစ်ပါစေ"
"ဟာမေမေကလည်းတခြားဆုမပေးဘဲနဲ့"သွင်ခက်စကားကြောင့်အကုန်လုံးဝိုင်းရယ်ကြ ကာဘုန်းထက်ကသွင်ခက်ရှေ့သို့ဘူးလေးတစ်ဘူးအားကမ်းပေးလာသည်။

"ရော့ ဒါငါပေးတဲ့လက်ဆောင်"
"ဝါး........ဖောက်ကြည့်လိုက်မယ်ငါ့ကောင်"သွင်ခက်ပြောတော့ဘုန်းထက်ကသဘောဆိုတဲ့မျက်နှာဘေးနှင့်နေနေသည်။သွင်ခက်တစ်ယောက်ဘူးလေးထဲကနာရီလေးကိုကြည့်လိုက်ကာ

"ဟာ ဒါငါလိုချင်နေတဲ့နာရီလေးဘဲ ဘုန်းထက်ချစ်လိုက်တာ ငါ့ကောင်ကြီးလာပါအုန်း"
"ဟာ ဟေ့ကောင် ခွေးကောင်"သွင်ခက်ကပြောရင်းနဲ့ဘုန်းထက်မျက်နှာအားဆွဲယူကာပါးအားနမ်းမလိုလုပ်နေ၍အမြန်ပင်သွင်ခက်အားတွန်းနေရသည်။

"ကိုယ့်လင်ကိုယ်နမ်းပါလား"
သွက်ခက်ကဘုန်းထက်အားရယ်ပြကာသော်တာ့ဘက်သို့လှည့်လိုက်ပြီး

"သော်တာလက်ဆောင်"
"အေး လက်ဆောင်ကမလာသေးဘူး နောက်မှပေးမယ်"သော်တာ့အပြောကြောင့်သွင်ခက်ကမျက်နှာရှူံ့လိုက်ကာ

"ပြီးရော"
"လာလာ Cakeကျွေးမယ်"သွင်ခက်က ကိတ်လှီးဖို့ပြင်တော့ဘုန်းထက်ကဆိုဖာပေါ်မှအောက်သို့ဆင်းလာကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now