Ep 21

1.9K 82 0
                                    

Ep 21(Unicode)

မနက်ခင်းနေရောင်ခြည်နုနုလေးကကုတင်ပေါ်ကလူသားနှစ်ယောက်ပေါ်သို့ဖြာကျကာနွေးထွေးမှုပေးနေသည်။သွင်ခက်တစ်ယောက်နိူးလာတာနဲ့မျက်လုံးလေးပွတ်ကာအကြောဆန့်လိုက်သည်။
မျက်နှာသစ်ရန်ကုတင်ပေါ်ကထဖို့လုပ်တော့
ခါးပေါ်ကလက်ကိုဖယ်ရန်ပြင်လိုက်ချိန်

"ငြိမ်ငြိမ်နေလေ ချာတိတ်ကလည်း"
"မျက်နှာသစ်မလို့လေ လူကြီးကလည်း"သွင်ခက်အပြောကိုခွန်းစစ်ကမသိသလိုလုပ်ကာခါးကိုတင်းကျပ်နေအောင်ဖက်ထားလိုက်သည်။

"လူကြီး ဖယ်ပေးလေ"
"အင်း ကိုယ့်ကိုနမ်းရင်ဖယ်ပေးမယ်"ခွန်းစစ်အပြောကြောင့်သွင်ခက်တစ်ယောက်ရှက်သွားကာမနက်စောစောမျက်နှာလပင်ရဲသွားရသည်။သွင်ခက်က ကုတင်ပေါ်ကမျက်လုံးမှိတ်ကာပြောနေသောသူအား....

"လူကြီးကလဲ"
"ဘာလို့လဲ ခလေးလေး ဟင်"ခွန်းစစ်ကမျက်လုံးဖွင့်ကာသွင်ခက်အားကြည့်လိုက်ပြီးရုတ်တရပ်

"ဟို ကျွန်တော် ရှက်လို့"ဟုဆိုကာဖွင့်ဟလာသည်။သွင်ခက်သကားကြောင့်ခွန်းစစ်မျက်ခုံးလေးတစ်ချက်ပင့်ကာ

"လက်ထပ်ပွဲတုန်းကတောင်လူတွေအများကြီးရှေ့မှာနမ်းခဲ့ကြတာလေ"ခွန်းစစ်အပြောကြောင့်သွင်ခက်တစ်ယောက်မျက်နှာကိုလက်နှင့်အုပ်လိုက်ကာ

"အဲ့ဒါ ကျွန်တော့်First kissကြီး မပြောနဲ့တော့"
"ဟား...ဟား... လာပါကွာ ဒါဆိုလည်းကိုယ်ဘဲနမ်းတော့မယ်"

ပြောရင်းနဲ့ခွန်းစစ်ကသွင်ခက်၏လက်လေးကိုဖယ်လိုက်ကာနံဖူးလေးအားနမ်းလိုက်သည်။ပြီးသည်နှင့်ကုတင်အောက်သို့ဆင်းလိုက်ကာအခုထိပက်လက်ကလေးဖြစ်နေသောသူလေးကို

"ကိုယ်ချီသွားမယ်"
"လူကြီးက ကျွန်တော့်ကိုရင်ခုန်အောင်လုပ်နေတာဘဲ" သွင်ခက်အပြောကြောင့်ခွန်းစစ်က'ဟုတ်လား'ဆိုတဲ့ပုံစံနဲ့
မျက်မှောင်လေးတစ်ချက်ကြုတ်လိုက်ကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now