Ep 44

1.4K 54 0
                                    

Ep 44(Unicode)

ခွန်းစစ်တစ်ယောက်သော်တာ့အိမ်ကိုရောက်တော့ဧည့်ခန်းထဲတွင်သော်တာ့အဖေကထိုင်နေသည်။
ခွန်းစစ်အိမ်ထဲဝင်လာတော့သော်တာ့အဖေကထလိုက်ကာ

"လာ မောင်ခွန်းစစ်ထိုင် သမီးရေ ကော်ဖီလေးလုပ်ပါအုန်း"
"ဟုတ်ကဲ့ဖေဖေ"သော်တာလည်းကော်ဖီသွားဖျော်ဖို့ထွက်သွားသည်။ဦးမိုးကောင်းကခွန်းစစ်အားပြုံးပြကာ

"ဒီတစ်ခေါက်ဦးတို့လုပ်မဲ့စီမံကိန်းအသစ်ကို မောင်ခွန်းစစ်နဲ့တွဲလုပ်ချင်လို့ပါ"
"ဪကျွန်တော့်ကိုပြကြည့်ပါလား"

"ရတာပေါ့ ခဏစောင့်"ခဏစောင့်ဆိုကာဦးမိုးကောင်းအပေါ်သို့တက်ကာဖိုင်တွေသွားယူဖို့ထွက်သွားသည်။သော်တာတစ်ယောက်ကော်ဖီခွက်ကိုကိုင်လာကာခွန်းစစ်နားသို့ရောက်လာသည်နှင့်ခွန်းစစ်အရှေ့သို့ကော်ဖီအားချပေးလိုက်ကာ

"ကိုခွန်းစစ် ကော်ဖီသောက်ပါအုန်း"
"ဟုတ်ကဲ့"သော်တာကခွန်းစစ်၏အရှေ့တွင်ဝင်ထိုင်လိုက်ကာ

"ကိုခွန်းစစ်ခလေးချစ်တတ်လား"
"ဗျာ...အင်းချစ်တတ်ပါတယ်"ခွန်းစစ်၏အဖြေကြောင့်သော်တာကပြုံးလိုက်ကာ

"အင်း ဒါပေမယ့်ဝမ်းနည်းစရာဘဲ သွင်ခက်ကမမွေးပေးနိူင်ဘူးနော်"သော်တာ့အပြောကြောင့်ခွန်းစစ်တစ်ယောက်မျက်မှောင်ကြုတ်လိုက်ကာ

"ကျွန်တော်ယူထားတာ ယောကျ်ားလေးပါ ဒါတွေမလိုဘူး"
"အင်း ကိုခွန်းစစ်ကသွင်ခက်လိုရှုပ်ပွေတဲ့သူကိုမကွာရှင်းဘူးလား"ဘောင်ကျော်လာသောသော်တာရဲ့စကားတွေကြောင့်ခွန်းစစ်တစ်ယောက်မျက်နှာတည်လိုက်ကာ

"အဲ့ဒါကျွန်တော်တို့ကိစ္စပါ"
"အဟင်း ဟုတ်ပါတယ် ဒါမဲ့ကျွန်မရှင့်ကို
တည့်တည့်ဘဲပြောတော့မယ် ကျွန်မရှင့်ကိုအရင်ကမသိလို့ငြင်းခဲ့တာ အခုတော့ကျွန်မရှင့်ကိုစိတ်ဝင်စားတယ် ပြီးတော့ကျွန်မက ရှင့်ကိုခလေးမွေးပေးနိူင်တယ်လေ ဘယ်လိုလဲ"သော်တာရဲ့စကားကြောင့်ခွန်းစစ်တစ်ယောက်ဒေါသထွက်သွားကာမတ်တပ်ထရပ်လိုက်ချိန်

"မောင်ခွန်းစစ် ဘယ်သွားမလို့လဲကွ"
"အာ.....သန့်စင်ခန်းပါ"ခွန်းစစ်တစ်ယောက်သော်တာ့အားပြောတော့မည့်အချိန်ဦးမိုးကောင်းရောက်လာ၍မျက်နှာပြန်ထိန်းလိုက်ကာသန့်စင်ခန်းအားမေးလိုက်ပြီးထွက်လာခဲ့သည်။သော်တာကတော့မဲ့ပြုံးတစ်ချက်နှင့်ပင်နေခဲ့သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now