Ep 20

2.1K 97 3
                                    

Ep 20(Unicode)

ရုပ်ရှင်ရုံသို့ရောက်လာကာရတုကလက်မှတ်သွားဖြတ်ကာပြန်လာသည်။

"Boss မုန့်စားမယ်ဆို ကျွန်တော်ဝယ်ပေးပါ့မယ်"
"အင်း ချာတိတ်မုန့်စားမယ်မလား"

"ဒါပေါ့ လူကြီးကုန်တာဘဲကို ဟီးဟီး"
"ဟုတ်ပါပြီကွာ ကိုယ့်စည်းစိမ်တွေက ချာတိတ်အတွက်ဖြစ်သွားပါပြီ"ခွန်းစစ်သူ့ဘေးကစကားတတ်သောသူလေးကိုကြည့်ကာပြုံးလိုက်အိသည်။ခွန်းစစ်လည်းသွင်ခက်ကိုပြောပြီးသည်နှင့်ရတုဘက်ကိုလှည့်ကာ

"ရတု အအေးကော တခြားမုန့်တွေကော ဝယ်ခဲ့ကွာမင်းတို့အတွက်ရောနော်"
"ဟုတ်ကဲ့ Bossမပြောလည်းစားမှာပါ ဟဲဟဲ"ရတုလည်းသွားဖြီးပြကာပြောလိုက်၍

"ယုံပါတယ်ရတုရယ် ဘုန်းထက်ညီကရတုနဲ့အဖော်လိုက်ပေးပါလား ဖြစ်ရဲ့လား"
"ဟုတ် ဖြစ်...."ဘုန်းထက်စကားပင်မဆုံးသေးရတုက
"ရတယ်Boss ကျွန်တော်ဘဲ ဝယ်ခဲ့ပါ့မယ် တော်ကြာဘုန်းထက်ပိုင်ညောင်းနေပါ့မယ်"
"အင်း ဒါဆိုလည်းသဘောဘဲ"ရတုလည်းခွန်းစစ်အားခေါင်းညိတ်ပြကာအရှေ့မှထွက်သွားသောကြောင့်ဘုန်းထက်တစ်ယောက်စိတ်ထဲတွင်

'ဟွန့် နေပေါ့ ငါတောင်သက်သာသေး'

ခဏအကြာရတုကမုန့်တွေရတာနဲ့ခဏအကြာရုပ်ရှင်ကစပြီဖြစ်၍အထဲသို့ဝင်ခဲ့ကြသည်။ခွန်းစစ်နှင့်သွင်ခက်ကတစ်တွဲထိုင်ကာဘုန်းထက်နှင့်ရတုကတစ်တွဲထိုင်ကြသည်။
Dramaကားကြည့်ကာငိုနေသောသွင်ခက်ကြောင့်

"ချာတိတ် မငိုနဲ့လေ မျက်လုံးတွေနာမယ်"
"အဟင့် အင့် မင်းသမီးကိုသနားလို့လေ"ရုပ်ရှင်ထဲတွင်မင်းသားကမင်းသမီးကိုလမ်းခွဲစကားပြောကာထွက်သွားသောအခန်းဖြစ်ပြီးမင်းသမီးကမင်းသားကွယ်ရာရောက်မှငိုသောအခန်းကိုကြည့်ကာသွင်ခက်ပါလိုက်ငိုနေသည်။ခွန်းစစ်လည်းသွင်ခက်ကိုမျက်ရည်တွေသုတ်ပေးကာ

"အင်းပါကွာ ငိုလည်းနည်းနည်းဘဲငိုပါ"
"အဟင့် လူကြီးကလည်း ငိုတာတောင်စျေးဆစ်နေသေးတယ်"ခွန်းစစ်လည်းသွင်ခက်အပြောကြောင့်ရယ်မိလိုက်သည်။ခဏအကြာငိုသံတိတ်သွားကြောင့်ဘေးကိုကြည့်လိုက်တော့အာလူးကြော်ကိုတစ်ခုပြီးတစ်ခုစားကာ အရှေ့က ရုပ်ရှင်ကိုမျက်တောင်မခက်တမ်းကြည့်နေသောကောင်လေးကို ခွန်းစစ်လည်းသေချာကြည့်နေမိသည်။ရုပ်ရှင်ရဲ့မှိန်ပြပြအလင်းရောင်တွေကြောင့်ထင်ဟက်လာသောအလင်းရောင်ပြပြလေးကခွန်းစစ်အဖို့တော့သူ့ဘေးက ခင်ပွန်းလောင်းကိုကြည့်ဖို့
အတော်အတန်ကိုလုံလောက်နေပြီဖြစ်သည်။
အလယ်ခွဲထားတဲ့ဆံသားတွေအောက်က ကျဥ်းမြောင်းတဲ့နံဖူးပြင်လေးရယ်သူ့ပုံစံနှင့်သူကွေးညွှတ်နေတဲ့မျက်ခုံးလေးရယ်ပြီးတော့အဲ့မျက်ခုံးအောက်ကဖန်ဂေါ်လီလုံးလေးလိုကြည်လဲ့နေတဲ့မျက်လုံးတစ်စုံရယ်၊ရှက်နေတဲ့အချိန်ဆိုတဖြည်းဖြည်းနဲ့ရဲတတ်လာတဲ့ပါးမို့မို့လေးရယ််လက်ထပ်ပွဲနေ့ကတရှိုက်မတ်မတ် နမ်းရှိုက်ခဲ့ဖူးတဲ့ဆေးသားမကူတဲ့ချယ်ရီရောင်နှုတ်ခမ်းသားလေးရယ်အကုန်လုံးခြုံငုံကြည့်လိုက်ရင်ချောတယ်ဆိုတာထက်ပိုတဲ့လှရက်လွန်းတဲ့ကောင်လေးအားတစိမ့်စိမ့်ငေးကြည့်နေမိသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now