Ep 39

1.3K 52 0
                                    

Ep 39(Unicode)

ခွန်းစစ်တစ်ယောက်Companyတွင်အလုပ်တွေသာလုပ်နေတာစိတ်ကအလုပ်ထဲတွင်မရှိပေ။ခေါင်းထဲတွင်ပေါ်လာသောသွင်ခက်၏အကြောင်းကိုလျစ်လျှူရှူ့ကာအလုပ်သာလုပ်နေလိုက်သည်။သို့ပေမယ့်ခဏခဏပေါ်ပေါ်လာနေသောကြောင့်

"ကျစ် ပေါ်လာပြန်ပြီ ဘယ်လိုဟာလေးလဲမသိဘူး"
ထိုအချိန်
ဒေါက်....ဒေါက်....

"ဝင်ခဲ့"ခွန်းစစ်၏စကားဆုံးသည်နှင့်ဝင်လာသောသူကြောင့်မော့ကြည့်လိုက်ချိန်သော်တာဖြစ်နေ၍

"ဪသော်တာဝေဘဲ ထိုင်ပါဘာကိစ္စလဲမသိဘူး" ခွန်းစစ်မှာ မွေးနေ့ပွဲက ဖြစ်သွားတဲ့ကိစ္စကြောင့်သူမအားစကားမပြောချင်ပေမယ့်သူမကတော့မျက်နှာပြောင်တိုက်စွာရောက်လာပြန်သည်။

"ဪဘာမှတော့မဟုတ်ပါဘူး လမ်းကြုံလို့ပါ ဒါနဲ့မနေ့ကကော်ဖီဆိုင်မှာသွင်ခက်နဲ့တွေ့တယ် ကိုခွန်းစစ်နဲ့ရန်ဖြစ်ထားကြတာလား"သော်တာကမသိသလိုမေးနေကာခွန်းစစ်ကတော့

"အင်း ဒီလိုပါဘဲ"
"တကယ်တော့သွင်ခက်ကနဲနဲတော့ရှုပ်တယ် ကိုခွန်းစစ်ရဲ့တက္ကသိုလ်မှာထဲကလေ"သော်တာကမီးလောင်ရာလေပင့်ဆိုစလိုပင် သူ့ဘာသာငြိမ်နေတဲ့ပြဿနာကိုသွားဆွပေးနေသည်။

"သူကမိန်းခလေးတွေအများကြီးတွဲဖူးတယ်လေ ကိုခွန်းစစ်ကဘဲ နားလည်ပေးလိုက်ပါ သူယူထားတာကလည်းယောက်ကျာ်းလေးတစ်ယောက်မလား သော်တာ့အထင်တော့ အပျော်ရှာရုံလောက်ပါဘဲ"
"ကျွန်တော်လည်း သူ့လိုဘဲလေ ယောကျာ်းလေးကိုယူထားရတာဘဲ ကျွန်တော်တောင်သူ့ကိုချစ်ပေးနိူင်တာကို"ခွန်းစစ်ကပြောရင်းပင်ဒေါသထွက်နေ၍သော်တာက တစ်ချက်ပြုံးလိုက်ကာ

"အင်းလေ သော်တာက လာပြောပေးရုံပါ ကိုခွန်းစစ်တို့က ကွာရှင်းလည်း ဘာမှမဖြစ်ပါဘူး ယောကျာ်းလေးတွေဘဲကို အခုတောင်သူ့ကိုကောင်မလေးတစ်ယောက်နဲ့ကုန်တိုက်တစ်ခုမှာတွေ့ခဲ့သေးတယ် သော်တာကအလာသူတို့ကအပြန်လေ"သော်တာတစ်ယောက်မဟုတ်တာကိုအဟုတ်လုပ်ကာခွန်းစစ်အားပြောနေလေသည်။ခွန်းစစ်ကသော်တာ့စကားအားလျစ်လျှူရှူ့ကာ

"ထားလိုက်ပါ ကျွန်တော်ဂရုမစိုက်ဘူး"
"အင်း အာ့ဆိုသော်တာလည်းသွားအုန်းမယ်နော်"
"ဟုတ်ကဲ့"သော်တာကအောင်နိူင်သူအပြုံးနဲ့ထွက်သွားတာကိုတော့ခွန်းစစ်တစ်ယောက်မသိလိုက်ပေ။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now