Ep 26

1.6K 73 0
                                    

Ep 26(Unicode)

ခွန်းစစ်တစ်ယောက်ဒီနေ့ဆိုင်သွားမှာမို့လို့အစောကြီးနိူးနေ၍ရေချိုးလိုက်သည်။ရေချိုးခန်းထဲနေထွက်လာသည်ထိကုတင်ပေါ်ကလူကြီးကတော့အိပ်လို့ကောင်းတုန်းအချိန်ကား၇နာရီတောင်ခွဲနေပြီဖြစ်၍ကုတင်နားသို့သွားကာလူကြီးအားနိူးရသည်။

"လူကြီးထတော့ လူကြီး"
"ဟင် ခလေးကနိူးနေတာလား အစောကြီးကွာ"ခွန်းစစ်ကမျက်လုံးမဖွင့်ဘဲသွင်ခက်ခါးလေးအားလှမ်းဖက်လိုက်ကာပြောနေသည်။သွင်ခပ်လည်းကုတင်ပေါ်တွင်ဘေးတစောင်းထိုင်လိုက်ကာ......

"အင်း ဆိုင်သွားမလို့လေ လူကြီးရဲ့"
"ခလေး လူကြီးလူကြီးနဲ့ခေါ်နေတာ ကိုယ်မင်းထက်အသက် ၆နှစ်ဘဲ ကြီးတာကို"အသက်၆နှစ်ကြီးသောသူကချွဲနေတာကြောင့်သွင်ခက်မှာရယ်လိုက်မိသည်။

"၆နှစ်တောင်လေ အဘိုးကြီးတောင်ဖြစ်နေပြီကို"
သွင်ခက်စကားကြောင့်ခွန်းစစ်ကမျက်လုံးမှိတ်နေရာမှခေါင်းထောင်ကြည့်လိုက်ကာ

"ကိုယ်မအိုသေးပါဘူးကွာ သန်တုန်းဘဲ ပြရမလား"ခွန်းစစ်စကားကြောင့်သွင်ခက်မျက်နှာတွေရဲလာကာ

"မနက်စောစောစီးစီး ညစ်ပတ်နေပြန်ပြီ"
"ဟမ် ဗလတွေပြမလို့ပါ ခလေးကဘာထင်......"
"တော်!!! ထတော့"သွင်ခက်တစ်ယောက်ခါးပေါ်တွင်တဘတ်တစ်ထည်ဘဲရှိ၍အခုအခြေအနေကနည်းနည်းတော့အနေရကြပ်စေသည်။ထိုကြောင့်
အင်္ကျီဝတ်ဖို့ကုတင်ပေါ်မှထလိုက်ချိန်......

"အ့ လူကြီး...."ခါးပေါ်ကလက်တစ်စုံကတင်းတင်းလေးပြန်ဆွဲထားကာသွင်ခက်မှာကုတင်ပေါ်သို့ပြုတ်ကျသွားသည်။ပက်လက်ကလေးဖြစ်သွားသောသွင်ခက်ကိုအပေါ်ကနေအုပ်မိုးကာ

"ခလေး ကိုယ်လေ ညကျရင်ခလေးကိုယူလို့ရလား"
"ဟင် အခုလည်းလူကြီးကျွန်တော့်ကိုယူထားတာဘဲလေ"သွင်ခက်အပြောကြောင့်

"မဟုတ်ဘူးကိုယ််ပြောတာက ခလေးကိုအပိုင်သိမ်းပြီးတံဆိပ်ခတ်ထားချင်တာ"
"ဟမ် ဟို ဟိုအဲ့ဒါကလေ....."စကားရှေ့မရောက်ဖြစ်နေသောသူကြောင့်

"အခုယူပေးရမှာလား "
"ဟမ် မဟုတ်ဘူးလေ ဖယ်တော့ဆိုင်သွားမလို့"
"မရဘူး ညကျရင်ပေးမှာလားပြော ပေးမယ်ဆိုမှသွားရမယ်"

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now