Ep 4

2.3K 111 2
                                    

Ep 4(Unicode)

မနက်ခင်းနေရောင်ခြည်လေးနုနုလေးကကုတင်ပေါ်ကလူသားနှစ်ယောက်ပေါ်သို့ဖြာကျလာသည်။ခွန်းစစ်က Companyသွားရအုန်းမှာမို့အိပ်ယာထဖို့ပြင်လိုက်ချိန်ရင်ခွင်ထဲရောက်နေသောကိုယ်သေးသေးလေးကြောင့်ပြုံးမိသွားသည်။

'ချစ်စရာလေးကွာ ဘယ်လိုကောင်မလေးလဲ'

ခွန်းစစ်လည်း အတွေးတို့နဲ့အတူ ကုတင်ပေါ်တွင်​အိပ်ပျော်နေသောသူလေးရဲ့နံဖူးလေးကိုနမ်းလိုက်ကာရေချိုးခန်းထဲသို့ဝင်သွားသည်။

သွင်ခက် အိပ်ယာကနိူးလာတော့ဘေးကိုကြည့်လိုက်ချိန်လူမရှိ၍

'အစောကြီးထသွားတာလား ကောင်းတာပေါ့
အဟား......လွတ်လပ်ပြီဟေ့....'

သွင်ခက်တစ်ယောက် အတွေးနဲ့အတူပျော်လို့ပင်မဆုံးသေး......

"သော်တာ နိူးပြီလား"
"ဗျာ....အဲ ရှင် ဟုတ် နိူး နိူးပြီ"သွင်ခက်လည်းအရှေ့တွင် ခါးပေါ်မှာ တဘတ်တစ်ထည်သာပတ်ပြီးပြုံးပြကာလာမေးနေသောလူကြီးကြောင့်လန့်သွားမိသည်။

'လူကြီးကချောလိုက်တာ
Bodyကလည်းအမိုက်စားဘဲ ရုပ်ကလည်းဖြောင့်လိုက်တယ် မျက်ခုံးကလည်းမဲနက်နေတာဘဲ နှာတံလေးကလည်းစင်း မျက်လုံးကလည်းဆွဲဆောင်မှုရှိတယ် ပြီးတော့ နှုတ်ခမ်း ဟင် ငါ့ကိုအဲ့နှုတ်ခမ်းနဲ့နမ်းသွားတာပေါ့'

"ကြည့်လို့ဝပြီလား သော်တာ"
"ဟင် မ မကြည့်ပါဘူး ရေချိုးမလို့ကို"အရှေ့ကနေ လူကိုမျက်လုံးကျွတ်ကျမတတ် ကြည့်နေသော သူလေးအားစချင်လာတာကြောင့်ပြောလိုက်တော့မျက်နှာလေးရဲကာရှက်သွားလေသည်။

'တကယ်ကိုချစ်စရာလေး.....'

"ရေချိုးတော့လေ ပြီးရင်ကိုယ်နဲ့ မနက်စာစားမယ်"
"ဟုတ် ဟုတ်"သွင်ခက်လည်း ခေါင်းညိတ်လိုက်ကာကုတင်ပေါ်မှဆင်းပြီးအဝတ်စားပါတစ်ခါထဲယူသွားသည်။အခန်းထဲမှာလဲရင်ဟိုလူကြီးတွေ့မှအလိမ်တွေပေါ်ကုန်မှဖြင့် ဟူး......
ခွန်းစစ်လည်းရေချိုးခန်းထဲပြေးဝင်သွားသောသူအားကြည့်ကာရယ်လိုက်ပြီးခေါင်းသာခါနေမိသည်။

..............................

မနက်စာဝိုင်းတွင်........

သွင်ခက်အဖို့ကတော့အိမ်မှာဆိုရင်ကော်ဖီအလွယ်သာသောက်၍တစ်ခါတစ်လေမှအမေဖြစ်သူလုပ်ပေးတဲ့အစားအသောက်က စားတတ်သည်။
ဒီမှာကတော့နွားနို့တွေ မုန့်ဟင်းခါးတွေ ကော်ဖီတွေနှင့်တခြားအစားစာတွေရှိကာစုံလင်နေသည်။သွင်ခက်တစ်ယောက်အရှေ့ကအစားစာတွေကိုကြည့်ကာများလွန်းလို့နှာခေါင်းရှူံ့လိုက်မိသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now