Ep 3

2.5K 122 0
                                    

Ep 3(Unicode)

သွင်ခက်လည်း ကားပေါ်ကဆင်းကာခြံထဲသို့ဝေ့ကြည့်လိုက်တော့တော်တော်ကျယ်ဝန်းပြီးတိုက်ကလည်းအရမ်းကိုကြီးမား၍ဒီလူတော်တော်ချမ်းသာမည်ဟုတွေးလိုက်မိသည်။ဒါတောင်ဟိုသော်တာမက ဘာကိုငြင်းလည်းမသိဘူး ဟွန့်
ပြီးတာနဲ့သွင်ခက်လည်းကားပေါ်ကနေအထုတ်တစ်ခုကိုဆွဲယူလိုက်သည်။ တော်သေးသည်ဟိုလူကြီးကဘာအထုတ်လဲမမေးလို့။
သူကသာဆင်းလာတာဟိုလူကြီးက ကားပေါ်ကနေမဆင်းပေ။ထိုအချိန်~~~~

အိမ်ထဲမှရှပ်အဖြူလေးကိုတံတောင်ဆစ်ထိခေါက်တင်ထားကာ အောက်က စတိုင်ပန်အနက်နှင့်ရူးအနက်လေးကိုစီးထားသာလူက သူ့အနားသို့ရောက်လာကာ

"မမလေးအခန်းကိုလိုက်ပြပါ့မယ်"
"ဟုတ်ကဲ့"သွင်ခက်လည်းအသံကိုနဲနဲလေးလုပ်ပြောလိုက်ကာအရှေ့ကလူခေါ်ရာနောက်ကိုလိုက်သွားလိုက်သည်။ထိုသူကအခန်းတစ်ခန်းရှေ့သို့ရောက်တော့

"ဒါကမမလေးနေရမဲ့အခန်းပါ Bossကတော့ ကိစ္စရှိလို့ပြန်ထွက်သွားတာပါ မမလေးလိုတာရှိရင်ပြောပါ ကျွန်တော်က ရတုရှင်းသန့်ပါBossရဲ့အတွင်ရေးမှူးပါ"
"ဟုတ်"

သွင်ခက်လည်းအသံကို လုပ်ပြောနေရ၍တခြားအပိုစကားတွေမပြောဘဲဟုတ်တစ်လုံးထဲသာပြောနေသည်။သွင်ခက်တစ်ယောက်အခန်းထဲရောက်သည်နှင့်မနက်ကဘုန်းထက်ပိုင်ကိုယူလာခိုင်းထားသောခရီးစောင်အိတ်ကိုဖွင့်လိုက်ကာတံခါးကိုလော့ချလိုက်ပြီးအထဲကမြန်မာဝတ်စုံတစ်စုံကိုယူကာလဲလိုက်သည်။တခြားအဝတ်တွေဆိုရင်အဆင်မပြေ၍မြန်မာဝတ်စုံကိုသာဝတ်
ကြည့်လိုက်သည်။

"အင်း တင်အတုတောင်မလိုဘူး ထဘီကအိုကေသားဘဲ"
ပြီးသည်နှင့်ကုတင်ပေါ်တွင်ထိုင်ကာအိတ်ထဲကဆံပင် ရှည်ရှည်အတုတွေပါထုတ်ကာခေါင်းမှာစွပ်လိုက်သည်။မနက်ကမာမီဆီကမိတ်ကပ်လိမ်းနည်းကိုနည်းနည်းပါးပါးအတုယူထားလို့တော်သေးသည်။
တော်ကြာမနက်ကပုံနှင့်အခုပုံမတူလို့အလိမ်ပေါ်သွားရင်ဒုက္ခ။မှန်ထဲကိုတစ်ချက်ကြည့်လိုက်တော့
မိန်းခလေးရုပ်နဲနဲပေါ်လို့သက်ပြင်းချလိုက်သည်။

ဟူး....ဘယ်ချိန်ထိနေရမှာလဲ......
သွင်ခက်လည်းစိတ်ညစ်စရာတွေကိုဖျောက်ကာဘေးနားဖုန်းကယူလိုက်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now