Ep 54

1.4K 48 0
                                    

Ep 54(Uni)

"ရပ်လိုက်စမ်း"

သူမလည်းအသံကြားရာသို့လှည့်ကြည့်လိုက်တော့ အနောက်တွင် ခွန်းစစ်နှင့်ရတုတို့ကိုတွေ့လိုက်ရ၍ သူမ ချက်ချင်းပင်မျက်နှာပျက်သွားကာ

"ခွန်း ဒီကိုဘယ်လိုလုပ်......"
"မင်းတော်တော် ယုတ်မာတာဘဲ"ခွန်းစစ်အပြောကိုသူမကခေါင်းခါလိုက်ကာ

"ဟင့်အင်း မဟုတ်ဘူး သော်တာလုပ်နေတာတွေက ခွန်းကိုချစ်လို့ဘဲ"
"မင်းလိုမိန်းမ မျိုးကိုငါကပြန်ချစ်မယ်ထင်နေတာလား"

"ဟင့်အင်း ဘယ်လိုဘဲ ဖြစ်ဖြစ် ခွန်းက အစထဲက ကျွန်မပိုင်ဆိုင်ရမဲ့သူဘဲလေ"

"ဟုတ်တယ် ငါကအစထဲက မင်းပိုင်ဆိုင်ရမဲ့သူဘဲ
ဒါပေမယ့် မင်းမပိုင်ဆိုင်ချင်လို့ငါ့ကိုထားခဲ့တာလေ အခုမှနောင်တရနေတာလား အခုချက်ချင်း ခလေးကိုလွှတ်ပေးလိုက်"ခွန်းစစ်ကပြောပြီးသည်နှင့်သွင်ခက်တို့နားသို့တိုးလာခဲ့သည်။

"မလွှတ်ပေးနိူင်ဘူး သူမရှိမှအေးမှာ ခွန်းရှေ့တိုးမလားနဲ့နော် ဒီမှာတွေ့လား"

သူမကပြောပြီးတာနဲ့တပြိုင်နက် သတိမေ့နေသောသွင်ခက်နားသို့သွားကာသွင်ခက်အားသေနတ်နှင့်ချိန်ရွယ်လိုက်သည်။ခွန်းစစ်လည်း သေနတ်နှင့်အချိန်ခံထားရသောသွင်ခက်ကြောင့်

"သော်တာဝေ မင်းနောင်တရစမ်းပါ ငါမင်းအဖေ
နဲ့ရဲတွေကိုခေါ်ပြီးပြီ
မင်းအဖေရောက်လာရင်လည်းမင်းကိုဒီလိုပုံစံနဲ့မြင်ချင်မှာမဟုတ်ဘူး" ခွန်းစစ်အပြောကြောင့်သူမက အလန့်တကြားပင်.....

"ဘာ....မဟုတ်ဘူး ခွန်းလိမ်နေတာ ဟိုလူတွေဘာလုပ်နေတာလဲ သွားရှင်းလေ"

သူမပြောလိုက်တာနဲ့ဘေးနားတွင်ရှိနေသောလူနှစ်ယောက်နှင့်သွင်ခက်နောက်တွင်ရှိနေသောလူနှစ်ယောက်က ခွန်းစစ်နှင့်ရတုတို့အားတိုက်ခိုက်ကြသည်။ခွန်းစစ်နှင့်ရတုလည်း အပြေးရောက်လာသောလေးယောက်အား သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်စစ်ဆင်နေကြသည်။ခဏအကြာခွန်းစစ်နှင့်ရတုတို့၏ထိုးချက်များကြောင့် ထိုလူလေးယောက်သား အလဲလဲအပြိုပြိုဖြစ်ကုန်ကြသည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now