[NEW] EPISODE_44

700 72 6
                                    

််"မေမေ..."

နှစ်ရက်တစ်ခါအိမ်ပြန်လာနေကြဖြစ်သောကျွန်တော့်အတွက် ဒီကနေ့ဟာအိမ်ပြန်ရန်နေ့ဖြစ်သည်။ သို့သော် ဒီကနေ့အတွက်ကျွန်တော့်ရဲ့အိမ်ပြန်ခြင်းဟာ စိတ်ထဲလေးလံမှုအပြည့်ဖြင့်သာ။ ညစာထမင်းအတူစားရအောင်ဆိုသောမေမေ့တောင်းဆိုချက်ကြောင့် ကျွန်တော်အရင်လိုကလေးငယ်နှင့်ညစာအတူမစားပဲ အိမ်သို့ပြန်လာဖြစ်သည်။ ကလေးငယ်ကိုတော့ 'မေမေနေမကောင်းလို့ဒီနေ့ထမင်းအတူမစားဖြစ်တော့ဘူး'ဟု ဖုန်းဆက်ကာလှမ်းညာခဲ့ရ၏။

"ဟယ် သားလေး၊ လာလာ ထမင်း‌ေတွဟင်း‌ေတွကအဆင်သင့်ဖြစ်နေပြီ၊ သားကိုစောင့်နေတာ"

စကားကိုတောင်စဉ်ရေမရပြောကာ ကျွန်တော့်လက်ကိုင်အိတ်ကိုဆွဲယူပြီး အိမ်ထဲအတင်းဆွဲသွင်းသည်။ မသိလျှင် ကျွန်တော်ဟာထွက်ပြေးမည့်လူလိုပင်။ အတင်းဆွဲခေါ်နေသောမေမေလက်အားပြန်ဆွဲလိုက်ကာ ...

"နေဦး မေမေ၊ သားရေအရင်ချိုးဦးမယ်။ အော် ပြီးတော့...ကျွန်‌ေတာ်ပြီးတာနဲ့ဆင်းလာမှာမို့ လာမခေါ်နဲ့"

မီးဖိုချောင်ထဲမှသားအမိကိုလျစ်လျှူရှုပြီး ကျွန်တော်အိမ်ပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ ထိုသားအမိကိုမြင်ရတာ တအားကိုစိတ်ရှုပ်ဖို့ကောင်းလှ၏။ အခန်းထဲရောက်တာနှင့် အိပ်ယာပေါ်ဘုန်းခနဲပစ်လှဲပြီး ဘောင်းဘီအိပ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ကလေးငယ်ဆီစာလှမ်းပို့လိုက်သည်။

'ကလေးလေးစားပြီးပြီလား၊ အခန်းထဲရောပြန်ရောက်ပြီလား'

Sendဆိုတဲ့အကွက်ကလေးကိုနှိပ်လိုက်တော့ ချက်ချင်းအမှန်ခြစ်ကလေးပေါ်လာသည်။ ကလေးငယ်ဟာကျွန်တော်ဆက်သွယ်မှာကိုစောင့်နေသည်ဟူသောအသိက မျက်ရည်ဝဲစေသည်။ အော်... ကလေးငယ်ရယ်။

'အွန်း ပြီးပြီHyung၊ အခန်းထဲလဲ‌ပြန်ရောက်နေပြီ၊ Hyungစာပို့အလာကိုစောင့်နေတာ'

'ချစ်လိုက်တာကွာ၊ အနားမှာရှိရင်ချစ်စရာကောင်းတဲ့ကလေးလေးကိုဖက်နမ်းပစ်လိုက်ပြီ သိရဲ့လား"

ထိုစာကလေးကိုပို့ရင်း နှုတ်ခမ်းထောင့်လေးကော့ညွတ်သွားအောင် ကျွန်တော်ပြုံးလိုက်မိသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now