Part_20 (Unicode)​

1.1K 111 16
                                    

"ဒီနေ့တော့​ Taxiနဲ့ပဲသွားရမယ်နဲ့တူတယ်။ Oppaက..."​

"ရပါတယ်​ Noonaရဲ့ အဆင်ပြေသလိုပေါ့"​

Noonaပြောလာမည့် အကြောင်းပြချက်အား နားမထောင်လဲသိနေသည်မို့  စကားဖြတ်ကာပြောလိုက်သည်။

"မနက်စာစားသွားရအောင် Noona... ကျွန်တော်​ ဗိုက်ဆာလို့"​

"အင်း​ စားလေ Tae Hyung"​

Hotelထဲမှာပဲရှိသေးသည်မို့ အခြားဆိုင်သွားမစားတော့ပဲ Hotel restaurant ထဲပဲဝင်လာလိုက်သည်။ စားသောက်ခန်းထဲစဝင်လိုက်သည်နှင့် waiterလေးတေွရုပ်ရုပ်သဲသဲဖြစ်သွားကာ ကျွန်တော်ရှိရာ အပြေးအလွှားရောက်လာကြသည်။

"CEO... ဒီဘက်ကိုကြွပါ။"​

"အင်း"​

Waiterကောင်လေးသည် ထောင့်ကျကျဝိုင်းတစ်ခုတွင် ကျွန်တော်တို့ကိုထိုင်စေကာ menu ကဒ်လေးတစ်ကဒ် ထုတ်ပေးလာပါသည်။

"CEO​ စားချင်တာကိုပြောပါ။ Menuထဲမှာမရှိတဲ့ဟာလည်း ကျွန်တော်တို့ရအောင် လုပ်ပေးပါ့မယ်။"​

တရိုတသေပြောနေသည့် waiterကောင်လေးကြောင့် ကျွန်တော်မနေတတ်တော့ပါ။ သို့ကြောင့်

"အဲ့လောက်ကြီးလည်း မလိုပါဘူးကွာ... ထမင်းကြော်တစ်ပွဲပေး... Americano တစ်ခွက်နဲ့... Noonaကရော"​

Waiterကောင်လေးကိုမှာရင်းနှင့် Noonaဘက်လှည့်ကာမေးလိုက်သည်။ ဒါကိုNoonကအားနာနေသည့် ပံုဖြင့် အတင်းငြင်းလာလေသည်။

"​မစားတော့ပါဘူး CEO... အိမ်ကနေစားခဲ့ပြီးပါပြီ။"

"အဲ့တာဆို ကျွန်တော်လည်းမစားတော့ဘူးဗျာ... တစ်ယောက်တည်းစားရတာ အရသာမရှိဘူးဗျ"

ပြောရင်းနှင့်ထထွက်ဖို့ ပြင်လိုက်သည့်အချိန်တွင် Noonaသည် ကျွန်တော့်လက်အားခပ်ဖွဖွဆွဲကိုင်လာပါသည်။

"ထိုင်ထိုင်...စားပါ့မယ်။"

"အဲဒီ့လိုမှပေါ့...ဘာစားမှာလဲ?"

ကျွန်တော့်အမေးကြောင့် Noonaကခေါင်းကုပ်ကာ...

"CEO​ မှာသလိုပဲ..."

"ဟုတ်ပြီ... ခုနကမှာသလိုပဲ နှစ်ပွဲလုပ်ပေးနော်။ မြန်မြန်လေး"​

Second Person (Season_1)​(Completed)​Where stories live. Discover now