Part_29​ (Unicode)​

936 99 18
                                    

မျက်စိရေှ့ရှိ​ အလူမီနီယမ်လေးထောင့်ပံုးအရှည်ကြီးထဲမှ ကောင်လေးကိုကြည့်ရင်း ပြုံးနေသည့်မိန်းကလေးတစ်ယောက်။

"မတေွ​ ့တာကြာပြီ​ ကိုကို... အသက်ကိုမှတ်ကော မှတ်မိသေးရဲ့လား ဟင်"

အေးစက်စက်မျက်နှာပြင်များ ခပ်ဖွဖွပွတ်သပ်ကာ အပြူံးလေးဖြင့်မေးမိသည်။ ပြန်မဖြေနိုင်သည်ကို သိသော်ငြားပေါ့။

'ကိုကို'တဲ့လေ။ ကောင်လေး၏ နာမည်ဟာ 'ကိုကို'ပါ။ Mooကိုယ်တိုင်ပေးထားခဲ့တာ။ အိမ်မက်ထဲကကောင်လေးရဲ့ အမည်နာမဟာလည်း 'ကိုကို'မို့။

ဂုတ်ပိုးမှာရှိနေသည့်​ Powerခလုတ်ကလေးကို လက်ကလေးဖြင့်စမ်းကာနှိပ်လိုက်သည်။ ထိုအခါမှ 'ကိုကို'ရဲ့​ မှိတ်ကျနေသည့်မျက်ဝန်းတို့ဟာ စတင်ပွင့်လာကြ၏။

"Hello... ကိုကို"​

ညာဘက်လက်ကလေးကိုမြေှာက်ကာ လက်ခေျာင်းတေွလှုပ်ပြီး နှုတ်ဆက်မိတော့ 'ကိုကို'​က...

"Hello... အသက်"​

နှုတ်ခမ်းတေွဟာပြုံးနေသည်။

"ထွက်လာခဲ့ အဲ့ထဲက"​

အမိန့်ရသည်နှင့် 'ကိုကို'​သည်​ သူ့ကိုထည့်ကာခေါ်ဆောင်လာသည့် ပုန်းကြီးထဲမှ ထွက်လာလေသည်။ အဝတ်အစားမပါတာကြောင့် Rae Inအားဝယ်ခိုင်းထားတဲ့ အဝတ်တစ်စံုအား ဝတ်ဆင်စေရသေးသည်။

"ဒါကိုဝတ်... ဒါကအင်္ကျီ... ဒါကဘောင်းဘီ... ဝတ်တတ်တယ်မလား?"​

"ဝတ်တတ်ပါတယ်​ အသက်ရဲ့..."

စကားပြောတာဟာ သိပ်ကိုလူသားဆန်နေသလားလို့။ အဝတ်အစားဝတ်နေသည်မို့​ Mooဘာမှမပြောသေးပဲ ငြိမ်နေလိုက်သည်။ တစ်ခုခုတော့ ထူးဆန်းနေတာ သေချာပါသည်။

"အသက်ကိုချစ်လား ကိုကို"

"ချစ်တာ​ပေါ့​ အသက်ရဲ့... ချစ်လွန်းလို့ပဲ အရင်ဘဝကဆိုခဲ့တဲ့စကားအတိုင်း ကိုကိုဟာအသက်ရဲ့အမိန့်တေွကို​ နာခံဖို့အတွက် အသက်ပိုင်တဲ့စက်ရုပ်လေးတစ်ရုပ်အဖြစ် အခုလိုရှိနေခဲ့ပြီလေ။"​

"ငါတီထွင်ထားတဲ့စက်ရုပ်မှာ ဒီလိုမေးခွန်းတေွအတွက် အဖြေရှိမနေဘူး။"

Second Person (Season_1)​(Completed)​Where stories live. Discover now