Part_10 (Unicode)​

1.7K 145 15
                                    

"Oppa...ပြန်တော့မှာလား?"

"အင်း ကိုယ်ပြန်မှရမယ်...ဟိုဂျပုမအခုလောက်ဆို ကိုယ့်ကို​ သူတတ်ထားသမျှဂါထာ‌ေတွရွတ်ပြီး ကျိန်ဆဲနေလောက်ပြီ။"

"စကားခဏပြောရအောင်...Soraကို နာရီဝက်လောက်အချိန်ပေးလေနော်..."

"ဒါဆိုလည်း ခေါင်မိုးထပ်မှာသွား‌ေပြာရအောင်...ရတယ်မလား?"

"အင်း ရပါတယ်။"

လမ်းတစ်လျှောက်​ ဘာစကားမှမပြောဖြစ်ကြ။ ထူးဆန်းစွာပဲ သူစိမ်းဆန်သလိုခံစားချက်ကြီးကိုလည်း ခံစားနေရတယ်။ လူချင်းနီးနေပေမယ့် စိတ်ချင်းဝေးနေသလိုပင်။

ပန်းခြံသဖွယ်ပြုလုပ်ထားသော ခေါင်းမိုးထပ်အပြင်အဆင်နှင့် တဖြူးဖြူးတိုက်ခတ်နေသော လေအေးအေးများကြောင့် စိတ်ထဲအနည်းငယ်လန်းဆန်းသွားရတယ်။ Soraလေကိုတစ်ဝရှူရှိုက်နေတုန်း Oppaကမေးခွန်းထုတ်လာတယ်။

"ပြောလေ Sora...ဘာပြောမလို့လဲ?"

Oppa၏အေးစက်စက်အမေးကြောင့် Soraတကယ်ကိုဆွံ့အသွားရသည်။ ဘာတွေကများ Soraတို့နှစ်ယောက်ကြားဒီလောက်ထိ အေးစက်သွားစေနိုင်ရတာလဲ? ဒါမှမဟုတ်​ SoraကပဲOppaမကြိုက်သည့် လုပ်ရပ်တစ်ခုခုကိုလုပ်ထားမိသည်လား?

တကယ်ကို​ နားမလည်နိုင်တော့...။

"ဟိုတစ်နေ့က အိမ်ပြန်မအိပ်ဘူးဆို။"

ထိုမေးခွန်းကို Soraအားတင်းကာမေးလိုက်ရတယ်။ Oppaပြန်ဖြေလာမည့်အဖြေဟာ Soraအတွက်ရင်ကွဲစရာအဖြေ မဖြစ်စေဖို့သာ ကြိတ်ပြီးဆုတောင်းနေရပြီ။

"Soraကအဲ့တာကို ဘယ်လိုသိလဲ? ကိုယ်လဲမပြောမိပါဘူး။"

"အဲ့နေ့က​ အန်တီဖုန်းဆက်‌ေမးလာလို့ပါ။"

"အော်... ဟုတ်တယ်‌ေလ...ကိုယ်အဲဒီ့နေ့က သူငယ်ချင်းတစ်ယောက်နဲ့‌ေသာက်ရင်း ညဉ့်နက်သွားလို့ သူ့အိမ်မှာပဲအိပ်ဖြစ်လိုက်တယ်။ အိမ်ကိုတောင် အသိမပေးဖြစ်လိုက်ဘူး။"

"ေအာ်"​

Oppaညာနေတယ်။

တစ်ခါမှ Soraအပေါ်လိမ်ညာပြောဆိုခြင်းမရှိခဲ့သော Oppaကအခုတော့ Soraကိုညာနေပြီ။ တကယ်‌ေတာ့ အဲဒီ့နေ့ကOppaကTae Hyungနှင့်အတူရှိနေခဲ့သည်ကို ဟိုတယ်မန်နေဂျာပြောပြသောကြောင့် Soraသိပြီးပြီပင်။

Second Person (Season_1)​(Completed)​Where stories live. Discover now