Part_22 (Unicode)​

1K 107 9
                                    

"အနှေးယာဥ်ဆိုတာ ဒါကိုပြောတာဗျ"

ဆွဲကိုင်ထားသည့်လက်ကိုဆတ်ခနဲ လွှတ်ချကာကေျာပေါ်ခုန်တက်လာသည့် ကလေးငယ်ကြောင့် လူကယိုင်ပါယိုင်သွားရ၏။​ ကလေးငယ်ပြောသည့် အနှေးယာဥ်ဆိုတာ​သည်​ ကုန်းပိုးခိုင်းခြင်းသာ ဖြစ်ပါလိမ့်မည်။

"Hyung​က​ အနှေးယာဥ်ကြီးပေါ့... ဟုတ်လား​ ကလေး"​

ခါးတွင်တင်းကျပ်စွာချိတ်တွယ်ထားသည့် ခြေထောက်နှစ်ဖက်ကို ခပ်ဖွဖွရိုက်ရင်းပြောလိုက်သည်။ တကယ်ပါ ကလေးငယ်သည် စကားတတ်ကိုတတ်လွန်းပါ၏။

"ဒါပေါ့... ကဲကဲ မျက်နှာသစ်ဖို့ရေချိုးခန်းထဲသွားရအောင် အနှေးယာဥ်ကြီးရေ..."

"ဒီလိုတော့ ဘယ်ရမလဲကွ... စိတ်ဆိုးပြေပြီဆိုမှ စီးလို့ရမှာ"​

"ဟာ... စိတ်မဆိုးတော့လို့ ကေျာပေါ်ရောက်နေပြီလေ... ပိန်းဥကြီးရဲ့"​

ကျွန်တော့်ဆံပင်တေွကို​ကလေးငယ်၏ လက်သေးသေးသွယ်သွယ်လေးတေွနှင့် ဆောင့်ဆွဲကာပြောလာပါသည်။ ကလေးငယ်က စိတ်မရှည်၊ ကျွန်တော်က​ ပိန်း... အင်း... နှစ်ယောက်တေွ ့တော့​ ပိန်းတဲ့ကျွန်တော်ကပဲ နစ်နာတာပေါ့လေ။ အခုလောလောဆယ်တော့ ဆံပင်တေွမည်မျှကျွတ်ကုန်ပြီ မသိပေ။ ခေါင်းတောင်မနည်း ကျိန်းနေပြီပင်။ နာတယ်ဆိုပြီးလည်း မအော်ရဲပါ။ တော်ကြာထပ်ပြီးစိတ်ကောက်သွားရင် ဒုက္ခ...။

"ဒါဆိုလဲ အာဘွားလေးတော့ပေးကွာ... တစ်ရက်ကြီးများတောင် လွမ်းနေရတာ"​

"မျက်နှာမသစ်ရသေးဘူးဆို... ပြီးမှပေးမယ်ဗျာ... go go"

"မရဘူး​ အခုလိုချင်တာ"​

ညစ်ကျယ်ကျယ်ပြုံးကာ ကလေးငယ်အား ကေျာပေါ်တင်ထားလျက်ပင် ကုတင်ပေါ်ထိုင်ချလိုက်သည်။ သို့နောက် ခါးထက်မှခြေထောက်ကို ခပ်မြန်မြန်ဖယ်ရှားလိုက်ပြီး နောက်လှည့်ကာကလေးငယ်အား ကုတင်ပေါ်တွန်းလှဲလိုက်သည်။ ကလေးငယ်ဟာ ရုတ်တရက်ဆန်လွန်းသည့် ကျွန်တော့်အပြုအမူတေွကို မျက်လံုးလေးကလယ်ကလယ်ဖြင့် နားမလည်စွာကြည့်နေလေ၏။

"ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး ဘာကြောင့်ဒီလောက် လှနေရတာလဲ?"​

Second Person (Season_1)​(Completed)​Where stories live. Discover now