Unicode🌻
ကျွန်တော်ကလွဲပြီး
Hyungကို ဘယ်သူမှ
ပိုင်ဆိုင်ခွင့်မရှိဘူး။_Kim Tae Hyung_
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::"Hyung..."
ကယောင်ကတမ်းခေါ်နေသော နာမ်စားတစ်ခုဟာ Hyungတဲ့လေ။ သေချာတာကတော့ ကုတင်ထက်လဲလေျာင်းနေသူကောင်လေးဟာ စကားပြန်ပြောနိုင်ခဲ့ပြီထင်ရဲ့။
"မသွားပါနဲ့။ Hyung!"
ခေျွးသီးချွေးပေါက်ကျကာ ပင်ပန်းနွမ်းလျစွာ နိုးထလာရခြင်းကြောင့် ရင်အစံုဟာ တဒိန်းဒိန်းခုန်လျက်ရှိသည်။
"အိမ်မက်ဆိုးပဲ... Shit!"
အစိမ်းသက်သက်ပတ်ဝန်းကျင်အား တစ်ချက်ဝေ့ကြည့်ရင်း ငြီးညူမိသည်။ လက်ခံုမှ ဆေးပိုက်အားကြည့်ခြင်းဖြင့် ဆေးရံုရောက်နေသည်ဆိုတာ ကျွန်တော်အတပ်သိလိုက်၏။ အခန်းတွင်းတစ်စံုတစ်ယောက်မှရှိမနေတာက စိတ်ကိုအဆင်မပြေစေပါ။ အိမ်မက်ကြောင့်လား... အနားမှာ တစ်စံုတစ်ယောက်မှမရှိ၍လားမသိ ရင်ထဲဝမ်းနည်းမှုက ကြီးစိုးလာသည်။ ဝေ့တက်လာသောမျက်ရည်စတေွအား ပေျာက်ကွယ်စေရန်အလို့ငှာ မျက်နှာထက် လက်ဖဝါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်ချိန်တွင် အခန်းထဲ တစ်စံုတစ်ယောက်ဝင်လာသံကို ကြားလိုက်ရသည်။ သို့ကြောင့် တံခါးဝကိုလှမ်းကြည့်မိလိုက်တော့...
"ငိုနေပြန်ပလား မင်း"
ဒေါသသံမစွက်သော်လည်း ခပ်မာမာအသံကြောင့် ငိုမလို့ပြင်နေတာတောင် ရပ်တန့်သွားရသည်။ ရုတ်တရက်ဆိုသလို အရွဲ့တိုက်ချင်စိတ်လေးဖြစ်ပေါ်လာတာကြောင့် Rae In Hyungအား ပက်ခနဲပြန်ပြောလိုက်မိ၏။
"အဲ့တော့ ဘာဖြစ်လဲ။"
"ဟင် မင်း... မင်း အသံပြန်ထွက်ပြီပေါ့။ ဟုတ်လား။"
လက်ထဲပါလာသည့် အထုတ်တို့ကိုဆိုဖာပေါ် ပစ်တင်လိုက်ကာ ကုတင်ပေါ်ပြေးတက်လာတဲ့ Rae In Hyungကြောင့် လန့်ဖြန့်ကာနောက်ဆုတ်မိလိုက်သည်။
"အို စကားပြောမှတော့အသံထွက်မှာ...ဟင်"
ကိုယ့်ပါးစပ်ကိုယ်လက်နဲ့အုပ်လို့ ကျွန်တော်ငြိမ်နေမိသည်။ အကြောင်းမှာ သတိမလစ်ခင်အချိန်ထိ ကျွန်တော်စကားမပြောနိုင်တာကို သတိရမိသွားတာကြောင့်ပင်။
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...