Part_32​ (Zawgyi)

537 43 0
                                    

အချိန်တွေဟာ မည်မျှကုန်လွန်ခဲ့ပြီမသိပေ။

နှာခေါင်းမှ ဖုန်နံ့အချို့ကို ရှူရှိုက်မိသည်။ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ဘယ်လိုမှလှုပ်လို့မရပေ။ လက်တွေ၊ခြေထောက်တွေမှ တင်းကြပ်မှုကိုခံစားနေရသည်။ အရာအားလုံးကို ခံစားမိနေသော်လည်း မျက်လုံးအစုံဟာ ဘယ်လိုမှဖွင့်မနိုင်ပေ။

ဗွမ်း!

"အဟွတ်အဟွတ်..."

မျက်နှာအားရေအေးများဖြင့် ပက်ခြင်းခံရသည်။ အောက်ကနေပင့်ပက်ခြင်းဖြစ်တာကြောင့် နှာခေါင်းအတွင်းရော၊ပါးစပ်အတွင်းရော ရေများအလုံးအရင်းဖြင့် ဝင်ရောက်သည်။

"ဟေ့ကောင်​ ထတော့... မင်းကိုအေးဆေးအိပ်ရအောင် ဒီကိုဖမ်းခေါ်လာတာမဟုတ်ဘူးကွ"

ထိုအသံ။

အသံပိုင်ရှင်ဟာHan Rae Inသာဖြစ်ရမည်။ မျက်လုံးအစုံကို အတင်းဖွင့်ရသည်။ နောက်ပြီး​ မှတ်ညဏ်အချို့ကို ပြန်လည်တူးဖော်ရသည်။

"Moo... Moo ဘယ်မှာလဲ?"

"မရှိဘူး။ ဒီနေရာမှာ​ မင်းနဲ့ငါနှစ်ယောက်တည်းပဲရှိတာ... ဘာMooမှ မရှိဘူး။"

ကျွန်တော်စဉ်းစားမိသလောက်ကတော့ Mooခေါ်လို့သူမ၏ အခန်းဆီသို့သွားခဲ့ခြင်းသာ။ အခန်းဆီသို့ရောက်တော့ Mooကိုတွေ့ သည်​ သို့သော်​ အနောက်ကနေတစ်စုံတစ်ယောက်၏ သိုင်းဖက်ခြင်းနှင့်နှာခေါင်းထက် လက်ကိုင်ပဝါဖြင့် အုပ်ခြင်းခံလိုက်ရသည်။ နောက်ပြီးတော့... နောက်ပြီးတော့​ ဘာဆက်ဖြစ်လဲဆိုတာ ကျွန်တော်မသိတော့ပေ။

"အခု​ ဘယ်ကိုရောက်နေတာလဲ။"

"မြို့ပြင်က စက်ရုံပျက်ကြီးကိုလေ။"

ခြေထောက်တို့ကို လှုပ်ကြည့်သည်။ ဘယ်လိုမှ​လှုပ်မရပေ။ လှုပ်လိုက်တိုင်း နာကျင်မှုသာ ပိုလာရ၏။ အမြင်အာရုံဟာလည်း ဝိုးတိုးဝါးတားနှင့် ဘာကိုမှ​ သဲသဲကွဲကွဲမမြင်ရပေ။ အာရုံစိုက်ကာ ခြေထောက်တို့ဆီအကြည့်ပို့မိတော့ cableကြိုးဖြင့်ချည်နှောင်ခြင်းခံထားရသည်ကို​ တွေ့ရသည်။ လက်တို့မှာလည်း ထိုအတိုင်းပင်ဖြစ်လိမ့်မည်။ ရုန်းလေ ပိုနာလေပင်။

Second Person (Season_1)​(Completed)​Where stories live. Discover now