Part_19​ (Unicode)​

1.1K 115 8
                                    

"မင်းဘယ်သူလဲ?"

"ငါကလား? ငါကမင်းရဲ့အတိတ်ကလေ"

ကျွန်တော့်ရင်ဘတ်ကို လက်ညှိုးဖြင့်ထိုးကာပြောလာသူအား အံ့အားသင့်စွာကြည့်မိသည်။ ဘာတဲ့... အတိတ်ကဆိုပဲ။

"မဖြစ်နိုင်လိုက်တာ..."

လေှာင်ပြုံးတစ်ခုကို နှုတ်ခမ်းထက်ဆင်မြန်းရင်း ပြောမိသည်။ ဤသည်ကို...

"ဖြစ်နိုင်လို့ပဲ... အခုငါမင်းရဲ့ရေှ ့ကို​ ရောက်နေပြီမဟုတ်လား။"

"ဟာသတေွလာပြောမနေနဲ့... ငါအိပ်ချင်ပြီ... မင်းပြန်တော့... နောက်တစ်ခါငါ့ရေှ ့​ ထပ်မပေါ်လာနဲ့တော့"​

ခြေလှမ်းတေွကို ကုတင်ရှိရာဦးတည်မိသည်။ ပံုစံတူလူသားနှစ်ယောက် တစ်နေရာထဲမှာ အတူရှိနေသည်ဆိုတာ မဖြစ်သင့်ပါ။ တစ်မေထဲကထွက်ထားတဲ့ အမွှာတေွလည်းမဟုတ်ပဲ ဒီလောက်တောင်ဘာကြောင့် တူနေရပါသနည်း။ စဥ်းစားရခက်လှသည်ပင်။

"​မျေှာ်လင့်မနေနဲ့..."

နူးညံ့သည်လဲမဟုတ်၊ မာကြောသည်လဲမဟုတ်သည့် အသံအနေအထားဖြင့်ပြောလာသော စကားတစ်ခွန်းမှာ ကုတင်နားသို့ရေွ ့လျားနေသည့်​ ကျွန်တော့်ခြေလှမ်းတေွကို ရပ်တန့်အောင်​ စွမ်းဆောင်နိုင်သည်။

"ဘာကိုလဲ?"​

"ဟားဟားဟား... မင်းသိပ်သိချင်သွားပြီ မဟုတ်လား... ဟမ်"

နဖူးထက်ဝဲကျနေသည့် ပြာလဲ့လဲ့ဆံစများကို လှုပ်ခါသွားသည်အထိ ခေါင်းကိုရမ်းကာ ရယ်နေသူသည် စိတ်မှမှန်ပါရဲ့လားလေ။

"ပြောစမ်းပါ။ ဘာကိုမမေျှာ်လင့်ရမှာလဲ?"​

"ချစ်တယ်ဆိုတဲ့ စကား"​

"ဟမ်"​

ထိုလူ့နှုတ်ကထွက်သည့် စကားလံုးတိုင်းသည် ကျွန်တော့်အတွက်တော့ နားမလည်ခြင်းများစွာဖြင့် ပြည့်နှက်နေသည့်​ စကားစုများသာ။ ထို့နောက်မှာတော့ လေအလျင်ထက်မြန်သည့် ခြေလှမ်းများဖြင့် ထိုလူရှိရာမှန်ရေှ ့အပြေးလေး​သွားမိသည်။ ကျွန်တော့်မှာ နောက်ထပ်တစ်ခု အတည်ပြုစရာရှိသေးသည်လေ။

"​အင်္ကျီချွတ်လိုက်"​

"အိုကေလေ"​

မဆိုင်းမတွပဲ ကျွန်တော့်အမေးကိုပြန်ဖြေကာ ရှပ်အင်္ကျီဖြူလွှလွှလေးတွင် စီတန်းနေသောကြယ်သီးများကို တစ်လံုးချင်းဖြုတ်နေလေသည်။ ကျွန်တော်လည်း ထိုနည်းတူစွာပင်။ ညဝတ်အင်္ကျီအမဲလေးတွင် ကပ်တွယ်ထားသော ကြယ်သီးများအားလျင်မြန်စွာ ဖြုတ်ချနေမိသည်။ ခန္ဓာကိုယ်ပေါ်က အနီရင့်ရောင်အမှတ်အသားတေွကိုလဲ ဂရုမစိုက်နိုင်တော့။

Second Person (Season_1)​(Completed)​Where stories live. Discover now