Part_25 (Unicode)​

980 98 7
                                    

"ပွဲကကြည့်လို့ကောင်းတော့မယ်။"​

စားပွဲခံုပေါ်တွင်ပြန့်ကျဲနေသော ဓာတ်ပံုများအားကြည့်ကာ မဲ့ပြုံးတစ်ခုကိုနှုတ်ခမ်းထက်ဆင်မြန်းသည်။ ပြီးနောက်​ အခန်းထောင့်ရှိစားပွဲတွင် စာရွက်စာတမ်းတေွနှင့်အလုပ်ရှုပ်နေသော လက်ထောက်အတွင်းရေးမှူးလေးအား လက်ယပ်ခေါ်လိုက်၏။

"Sam ဒီကိုခဏလာဦး။"​

"ပြောပါ​ CEO"​

"ဒီဓာတ်ပံုထဲကကောင်ကို သေချာစောင့်ကြည့်ထားရဲ့လား... သူ့ရဲ့အကြောင်းအစံုကိုရော သိရပြီလား"​

"Davidကိုပဲမေးကြည့်ပါလား CEO... ကျွန်တော်ဒီကောင့်ကို စောင့်တော့စောင့်ကြည့်နေပါတယ်။ ဒီကောင်​့​ အကြောင်းစံုကိုတော့ ကျွန်တော်မသိဘူး CEO... David ကတော့​ သေချာသိမယ်ထင်တာပဲ"​

အူကြောင်ကြောင်နှင့် ဖင်ကုတ်၊ခေါင်းကုတ်လုပ်နေသည့် မျက်စိရေှ ့ရှိအကောင်အား​ ဒီအခန်းထဲကနေ သူ့အိမ်အထိပြန်ရောက်သွားအောင်ကို ကန်ထုတ်ပစ်လိုက်ချင်သည်။ Davidကိုဒီနေ့မနက်flightနဲ့ Koreanပိို့လိုက်ပြီဆိုတာကို သူမသိလေရော့သလား။

"​Davidကဘယ်မှာလဲ Sam"

"Koreanမှာလေ​ CEO... CEOပဲ မနက်ကလိုက်ပို့လိုက်သေးတယ်လေ။ မေ့သွားပြီလားဗျ"​

"Sam... မင်း!"

ရွဲ့ပြီးမေးလို့မေးမှန်းလည်း မသိပါ။ သူကတောင်ကိုယ့်ကိုယ်ပြန်ပြီး မေးမြန်းခန်းပြန်ဖွင့်နေသေး၏။ ဘယ်လိုစိတ်၊ဘယ်လိုအတေွးတေွနဲ့များ ဒီကောင့်ကိုကျွန်တော် အတွင်းရေးမှူးခန့်ခဲ့မိပါလိမ့်။

"သွားတော့​ Sam... မင်းလုပ်လက်စအလုပ်တေွကိုပဲ သွားလုပ်နေလိုက်တော့... မင်းနဲ့စကားပြောရတာ ကြာရင်ငါသေွးတက်ပြီး သေမယ်... သွား​ မြန်မြန်"​

"ဟုတ်ကဲ့ပါ​ CEO"​

မျက်စိရေှ​ ့မှခပ်ကုပ်ကုပ်ထွက်သွားသော အကောင်အားကြည့်ကာ ခေါင်းသာခါမိသည်။

"David ရေ...​မင်းကတော့ငါ့ကို ဒီအရူးကောင်နဲ့စိတ်ချလက်ချကို ထားခဲ့ပြီပေါ့... ဟား... အခုတောင်ဒီကောင်နဲ့ခဏလေး စကားပြောမိတာ ရူးချင်လာသလိုပဲ"​

Second Person (Season_1)​(Completed)​Where stories live. Discover now