Part _3 (Unicode)

2.2K 195 7
                                    

ဒေါက် ဒေါက် ဒေါက်...

"သမီးရေ...အောက်မှာ‌သမီးရဲ့ဒယ်ဒီ​ ပြန်ရောက်နေပြီ။ထမင်းလက်စုံစားရအောင် မြန်မြန်ဆင်းလာခဲ့နော်။"

"ဟုတ် မာမီ"

ဒယ်ဒီနဲ့Soraတို့သားအမိ​ ထမင်းအတူမစားရတာတော်တော်ကို ကြာပြီ။ ဒယ်ဒီကအလုပ်ကနေအမြဲနောက်ကျမှ​ ပြန်လာတတ်တာကြောင့် Soraတို့သားအမိအရင်စားနှင့်လိုက်တာ​ကများတယ်။ အခုတော့မိသားစုစုံစုံလင်လင်​ ထမင်းစားရတော့မယ်။ သီချင်းလေးငြီးကာ ပေျာ်ရွှင်စွာနဲ့အောက်ထပ်ကို အပြေးအလွှားဆင်းသွားလိုက်တယ်။

"ဒယ်ဒီ...ဒီနေ့တော့စောလှချည်လား။"

ထမင်းစားပွဲဝိုင်းရဲ့ထိပ်ဆံုးမှာထိုင်နေတဲ့ ဒယ်ဒီ့အနားသွားပြီး​ သွားတန်းလေးများပေါ်အောင်ပြုံးပြရင်း မေးလိုက်တယ်။

"ဟုတ်တယ် Soraလေးရေ...ဒီနေ့မှဥက္ကဌကြီးကဘာစိတ်ကူးပေါက်လည်းမသိပါဘူး။"

ဒယ်ဒီက Star Hotelပိုင်ရှင်ဥက္ကဌကြီးရဲ့အတွင်းရေးမှူးလေ။ Soraတို့မိသားစုမှာ မာမီ့ရဲ့မိဘတေွအမွေပေးခဲ့တဲ့ အခုလက်ရှိနေထိုင်နေတဲ့ခြံဝန်းလေးတစ်ခုနဲ့​ အရစ်ကျပေးဝယ်ထားရတဲ့ကားလေးတစ်စီးပဲ​ ပိုင်ဆိုင်မှုရှိတာ။ ဒယ်ဒီ့တစ်လစာလခက အိမ်အသုံးစရိတ်နဲ့​ Soraရောဂါအတွက်ဆေးဝါးဝယ်ရံုပဲ တတ်နိုင်တာ။ Soraမှာကမေွးရာပါ နှလံုးရောဂါရှိတယ်လေ။

"ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ ဥက္ကဋ္ဌ​ကြီးကိုအရမ်းကေျးဇူးတင်မိတယ်။"​

"ဘာလို့တုန်း​ Soraလေးရဲ့..."​

"ဒယ်ဒီနဲ့ညစာအတူစားရလို့လေ... Soraကနေ့တိုင်း ဒယ်ဒီနဲ့ထမင်းအတူစားချင်တာ။"​

မဖြစ်နိုင်ပေမယ့် စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်မိတယ်။ Soraသတိထားမိပါတယ်။ Soraစကားကြောင့်ဒယ်ဒီ့ မျက်နှာငြိုးသွားတာကို။ ဒယ်ဒီ့မှာပြန်ဖြေစရာအဖြေမရှိဘူးထင်ပါရဲ့။ သက်သက်မဲ့ဒယ်ဒီ့ကို စိတ်မကောင်းဖြစ်အောင်လုပ်မိပြန်ပြီ။

"ထည့်စားကြနော်...ဟင်းတွေရှိသေးတယ်။"

တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းလေးကို မာမီကပြန်အသက်သွင်းလေတယ်။

Second Person (Season_1)​(Completed)​Where stories live. Discover now