Part_19​ (Zawgyi)

640 48 4
                                    

"မင်းဘယ်သူလဲ?"

"ငါကလား? ငါကမင်းရဲ့အတိတ်ကလေ"

ကျွန်တော့်ရင်ဘတ်ကို လက်ညှိုးဖြင့်ထိုးကာပြောလာသူအား အံ့အားသင့်စွာကြည့်မိသည်။ ဘာတဲ့... အတိတ်ကဆိုပဲ။

"မဖြစ်နိုင်လိုက်တာ..."

လှောင်ပြုံးတစ်ခုကို နှုတ်ခမ်းထက်ဆင်မြန်းရင်း ပြောမိသည်။ ဤသည်ကို...

"ဖြစ်နိုင်လို့ပဲ... အခုငါမင်းရဲ့ရှေ့ ကို​ ရောက်နေပြီမဟုတ်လား။"

"ဟာသတွေလာပြောမနေနဲ့... ငါအိပ်ချင်ပြီ... မင်းပြန်တော့... နောက်တစ်ခါငါ့ရှေ့ ​ ထပ်မပေါ်လာနဲ့တော့"

ခြေလှမ်းတွေကို ကုတင်ရှိရာဦးတည်မိသည်။ ပုံစံတူလူသားနှစ်ယောက် တစ်နေရာထဲမှာ အတူရှိနေသည်ဆိုတာ မဖြစ်သင့်ပါ။ တစ်မေထဲကထွက်ထားတဲ့ အမွှာတွေလည်းမဟုတ်ပဲ ဒီလောက်တောင်ဘာကြောင့် တူနေရပါသနည်း။ စဉ်းစားရခက်လှသည်ပင်။

"​မျှော်လင့်မနေနဲ့..."

နူးညံ့သည်လဲမဟုတ်၊ မာကြောသည်လဲမဟုတ်သည့် အသံအနေအထားဖြင့်ပြောလာသော စကားတစ်ခွန်းမှာ ကုတင်နားသို့ရွေ့ လျားနေသည့်​ ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်အောင်​ စွမ်းဆောင်နိုင်သည်။

"ဘာကိုလဲ?"

"ဟားဟားဟား... မင်းသိပ်သိချင်သွားပြီ မဟုတ်လား... ဟမ်"

နဖူးထက်ဝဲကျနေသည့် ပြာလဲ့လဲ့ဆံစများကို လှုပ်ခါသွားသည်အထိ ခေါင်းကိုရမ်းကာ ရယ်နေသူသည် စိတ်မှမှန်ပါရဲ့လားလေ။

"ပြောစမ်းပါ။ ဘာကိုမမျှော်လင့်ရမှာလဲ?"

"ချစ်တယ်ဆိုတဲ့ စကား"

"ဟမ်"

ထိုလူ့နှုတ်ကထွက်သည့် စကားလုံးတိုင်းသည် ကျွန်တော့်အတွက်တော့ နားမလည်ခြင်းများစွာဖြင့် ပြည့်နှက်နေသည့်​ စကားစုများသာ။ ထို့နောက်မှာတော့ လေအလျင်ထက်မြန်သည့် ခြေလှမ်းများဖြင့် ထိုလူရှိရာမှန်ရှေ့ အပြေးလေး​သွားမိသည်။ ကျွန်တော့်မှာ နောက်ထပ်တစ်ခု အတည်ပြုစရာရှိသေးသည်လေ။

"​အင်္ကျီချွတ်လိုက်"

"အိုကေလေ"

မဆိုင်းမတွပဲ ကျွန်တော့်အမေးကိုပြန်ဖြေကာ ရှပ်အင်္ကျီဖြူလွှလွှလေးတွင် စီတန်းနေသောကြယ်သီးများကို တစ်လုံးချင်းဖြုတ်နေလေသည်။ ကျွန်တော်လည်း ထိုနည်းတူစွာပင်။ ညဝတ်အင်္ကျီအမဲလေးတွင် ကပ်တွယ်ထားသော ကြယ်သီးများအားလျင်မြန်စွာ ဖြုတ်ချနေမိသည်။ ခန္ဓာကိုယ်ပေါ်က အနီရင့်ရောင်အမှတ်အသားတွေကိုလဲ ဂရုမစိုက်နိုင်တော့။

Second Person (Season_1)​(Completed)​Where stories live. Discover now