Part_16 (Unicode)​

1.2K 121 8
                                    

မနက်ခင်းအလင်းရောင်သည် မေွ ့ယာထက်အိပ်စက်နေတဲ့​ကောင်ငယ်လေးနှစ်ယောက်အပေါ် အလိုက်မသိစွာဖြာကျလျက်ရှိသည်။ သို့ကြောင့်​ စောင်ပံုထဲကကောင်ငယ်လေးဟာ လူးလွန့်လာကာ သူ့ဘေးရှိကောင်လေးအား စတင်လှုပ်နှိုးပါတော့သည်။

"Hyung... ထဦး။"

"ဟင်... ဘာလို့လဲ ကလေးရဲ့"

လက်သေးသေးလေးတေွနဲ့ကျွန်တော့်လက်မောင်းအား တဖတ်ဖတ်ရိုက်ကာ​ လှုပ်နှိုူးလာသူကြောင့်​ ငူတူတူငေါင်တောင်တောင်နဲ့ ထထိုင်လိုက်ရတယ်။ ထို့နောက်မှာတော့ကလေးငယ်ဟာ စောင်ပံုကြားထဲကနေမထွက်ပဲ ကျွန်တော့်အားပြတင်းပေါက်ရှိရာ လက်ညိုှးညွှန်လာပါတော့တယ်။

"မျက်လံုးစူးတယ်...ထပိတ်လိုက်။"

"အင်းအင်း"

ကိုယ့်ရဲ့special oneလေးကခိုင်းတော့လည်း ချက်ချင်းထလုပ်ပေးရမှာပေါ့လေ။

ခန္ဓာကိုယ်တစ်ခုလံုးလွှမ်းခြုံထားတဲ့စောင်အား ခွာချကာကုတင်ပေါ်ကဆင်းမည်အပြုတွင် ကလေးငယ်ထံမှ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လေတယ်။

"Hyung!!! ဒီအတိုင်းကြီးထမသွားနဲ့လေ"​

ကလေးငယ်ကကျွန်တော့်ရဲ့အောက်ပိုင်းကို​ လက်ညှိုးထိုးကာပြောလာတာကြောင့် ကိုယ့်ဟာကိုယ်ပြန်ငံု ့ကြည့်မိတယ်။ ဟုတ်ပါရဲ့။ ကျွန်တော့်အောက်ပိုင်းမှာ ဘာမှမှမပါပဲလေ။ ကလေးငယ်ထအော်တာလဲ မစမ်းပါဘူး။

"အာ​ မေ့သွားလို့... ဟဲဟဲ"​

စပ်ဖြီးဖြီးနဲ့ပြောလိုက်သော်လည်း ကလေးငယ်ဟာမျက်နှာလေးရဲလျက် ကျွန်တော့်ကိုကေျာပေးသွားလေတယ်။ သို့ကြောင့်​ ကျွန်တော်လည်း ကုတင်ခြေရင်းရှိဘောင်းဘီကိုကောက်စွပ်လိုက်ကာ ခပ်စူးစူးအလင်းရောင်တေွပို့လွှတ်နေတဲ့ ပြတင်းတံခါးရှိရာသွားလိုက်သည်။ ညကကိုယ့်ကိစ္စနဲ့ကိုယ်မို့ ခန်းဆီးလိုက်ကာအားမပိတ်မိခဲ့ပါ။ တစ်ဖက်တစ်ချက်ဆီမှာရှိနေတဲ့ ခန်းဆီးလိုက်ကာစတေွကို အလယ်မှာတစ်စုတစည်းထဲ ရှိစေလိုက်ကာ​ကလေးငယ်ရှိရာ ကုတင်နားပြန်လည်လေျှာက်လာလိုက်၏။

"အဆင်ပြေရဲ့လား ကလေး?"​

"အဆင်ပြေနေလား၊ မပြေနေဘူးလားဆိုတာ ကိုယ့်အစွမ်းအစကိုခန့်မှန်းပြီး စဥ်းစားကြည့်လေ"

Second Person (Season_1)​(Completed)​Where stories live. Discover now