Part_21​ (Zawgyi)

624 54 6
                                    

ချိန်း! 

ကျယ်လောင်လွန်းလှသည့်မိုးခြိမ်းသံသည် အခန်းထောင့်မှာခွေနေသည့် ကောင်လေးအားကြောက်ရွံ့ မှုကို​ ဖြစ်ပေါ်စေနိုင်မည်လား။

ဒီနေ့ညကျမှမိုးသည် သည်းကြီးမည်းကြီးမည်းကြီးကို ရွာနေသည်။ ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ဆင့်ကဲဝင်ရောက်နေသော မိုးစက်မိုးပြောက်များကြောင့် ကြမ်းပြင်တွင်ရေများစိုစွတ်စီးဆင်းနေကြပြီ​ပင်။ အခန်းထောင့်ရှိကောင်လေးသည် ထိုအချင်းအရာများကိုမြင်သော်လည်း ပြတင်းတံခါးအားထပိတ်ခြင်းမရှိခဲ့သလို လှုပ်ခြင်းယှက်ခြင်းလည်းမရှိပေ။ ထိုနေရာတွင်သာ ကျောက်ရုပ်ကြီးတစ်ခုသဖွယ် ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ပြီး ထိုင်နေလေသည်။

"ငါ့စိတ်တွေသိပ်ကို လေးလံနေတယ်။"

တစ်ယောက်တည်းရှိသည့် အခန်းငယ်ထဲ တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။

ကြိုးတွေ...

ကျွန်တော့်ဘက်ကသာ စတင်ပြီး ချည်နှောင်ထားခဲ့တဲ့ ကြိုးတွေ။ ဖြတ်ဖို့လည်းခက်သလို၊ ဆက်ဖို့လည်းခက်၏။ ရှေ့ ဆက်သွားဖို့လည်းမဖြစ်နိုင်သလို၊ နောက်ဆုတ်ဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်တော့။

စိတ်အလိုကိုလိုက်ပြီးရှေ့ ဆက်တိုးမိတဲ့အခါ​ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို လေးထောင့်ဆန်ဆန်အပြုံးလေးတွေနှင့်​ ချေဖျက်လို့ရမည်ဆိုလျှင်သိပ်ကောင်းမည်။ အဲ့လိုသာဆို နောင်တတွေတပွေ့ တပိုက်ကြီး​ရမည်ဆိုလျှင်တောင် ရှေ့ ဆက်တိုးမည်။ ကလေးငယ်ကို ကျွန်တော်သာပိုင်ဆိုင်ချင်ပါသည်။

ကလေးငယ်ဟာ ကျွန်တော့်အတွက်တော့
လောကကြီးမယ်နှစ်ယောက်မရှိတဲ့
Limited Edition လူသားရုပ်ထုကလေးပင်။

"စိတ်ညစ်တာတွေပျောက်အောင် ငါဆေးလိပ်သောက်ကြည့်ရမလား? ဘီယာတောင်သောက်ဖူးခဲ့ပြီပဲ... ဆေးလိပ်သောက်တာကတော့ အသေးအမွှားလောက်ပဲ မဟုတ်လား?"

"သောက်ကြည့်ရမယ်။ အဆင်ပြေလိုပြေငြားပေါ့"

တစ်ကိုယ်တည်းမေး၊ တစ်ကိုယ်တည်းဖြေရင်း အကြောင်းပြချက်မဲ့စွာ အခန်းထောင့်မှာခွေနေမိသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now