Part_35​ (Unicode)​

1K 101 22
                                    

"ငါမင်းတို့နဲ့အတူ လက်ထပ်ပွဲလုပ်မယ်။"

ရံုးခန်းအတွင်း ထွက်ပေါ်လာသည့် အေးစက်စက်အသံတစ်သံ။

Jakeဟာ အံ့သြစွာဖြင့် Jung Kook​ရှိရာ​အလုပ်စားပွဲဆီသို့ အပြေးသွားသည်။

"မင်းတကယ်ပြောတာလား Jungကြီး... တကယ်ပဲ မင်းရေွးချယ်မှုက Soraလား။"

"အင်း"

ဝမ်းပမ်းတသာဖြင့်မေးမိသော်လည်း ပြန်ရသည့်အဖြေသည် 'အင်း'တစ်လံ​ုးသာ။

"မင်းKim Tae Hyung​ကို​ မေ့လိုက်တော့မှာလား။"

"အင်း"

စိတ်ထဲအနည်းငယ် ဘဝင်မကျချင်တော့။ Jung Kook၏ ပံုစံဟာ အရင်ကလိုမဟုတ်ပေ။ မတေွ​ ့ရသည့်တစ်ရက်ကလေးမှာ​ အရမ်းကိုကွဲပြားသွားသည်။ မျက်နှာထက်မှာ အပြုံးတေွမရှိပါ။ ခပ်တည်ခပ်တန်းတန်းပင်။ မျက်ဝန်းတေွဟာ မျှော်လင့်ချက်မဲ့နေသူလို မှိန်ပျနေ၏။ ကုမ္ပဏီကိုရောက်လာတုန်းကလည်း​ ဘာစကားမှမပြောပါ။ သူငယ်ချင်းအချင်းချင်း နောက်နောက်ပြောင်ပြောင်လည်း မရှိတော့။

"ဘာဖြစ်နေတာလဲ Jung ကြီး... နေမကောင်းဘူးလား။"

"ကောင်းပါတယ်။ အလုပ်သွားလုပ်တော့"

ခပ်ပြတ်ပြတ်အပြောကြောင့်​ ဘာမှဆက်ပြောချင်စိတ်ကိုမရှိတော့ပါ။ Jung Kook​ဟာ​ ပြောင်းလဲသွားပြီပင်။

"Yuri... ဒီကို ခဏလာဦး။"

ရံုးခန်းအဝရှိစားပွဲတွင် အလုပ်လုပ်နေသော Yuriအားခိုင်းစရာရှိတာကြောင့် လှမ်းခေါ်လိုက်သည်။

"အေးပြော... ဘာကိတ်"​

"မနက်ဖြန်ည7နာရီ Pandora​ Restaurant မှာSoraကို Proposeလုပ်ချင်တယ်။ ငါ့ကိုစီစဥ်ပေးဦး။ တစ်ဆိုင်လံုးငှားသင့်ငှားလိုက်။ နောက်ပြီး​ လက်စွပ်တစ်ကွင်း။ ရိုးရိုးရှင်းရှင်းနဲ့လှလှလေး လိုချင်တယ်။ နင်ကြည့်ကောင်းမယ်ထင်တာလေး ရေွးဝယ်ခဲ့။ စေျးဘယ်လောက်ကြီးကြီး...ပန်းစည်းတစ်စည်းလဲ ပြင်ထားပေး "

Yuriသည် ကျွန်တော့်အား မျက်လံုးအပြူးသားနှင့်ကြည့်နေသည်။ ဘာမှပြန်မတုန့်ပြန်လာပါ။

"​ဟဲ့​ ငါပြောတာကြားလား။ မလွဲလာနဲ့နော်။"

"​အော်​ အေး​ အေးပါ။ နောက်ဆံုးတော့ လက်ထပ်တော့မယ်ပေါ့။"

Second Person (Season_1)​(Completed)​Where stories live. Discover now