Part_34​ (Zawgyi)

567 42 3
                                    

ဒိုင်ယာရီစာအုပ်လေးပေမယ့် လူအများကြားtrendingဖြစ်နေသည့် စာအုပ်များထက် စိတ်ဝင်စားဖို့ကောင်းလွန်းသည်။ အချိန်အားဖြင့် 10နာရီခွဲ။ ကျွန်တော်အခုချိန်ထိ မအိပ်သေးဘူး။

မိုးသည်လုံးလုံးကြီးတိတ်မသွားသေးပေ။ မိုးပွားလေးတွေ​တော့​ ကျနေသေးသည်။ ခေါင်းမိုးနှင့်မိုးစက်တို့ထိတွေ့ သံသည်​ အခန်းတွင်းကျယ်လောင်လွန်း၏။ ကျန်ရှိနေသေးသည့် စာအချို့ကိုဖတ်ရန်အတွက် စိတ်ကိုစုစည်းဖို့ရာ ကုတင်ထက်ကနားကြပ်တန်းလန်းနှင့်ဖုန်းအား လှမ်းယူလိုက်သည်။ နားကြပ်ကိုနားထဲထည့်ကာ သီချင်းအေးအေးလေးတစ်ပုဒ်ကို အသံအကျယ်ဆုံးထားပြီး ဖွင့်လိုက်သည်။

သီချင်းလေး​က​ BTS​ _V ရဲ့​ deep voiceလေးနဲ့ တအားကို နားထောင်လို့ကောင်းသည့် Winter bear ဆိုသည့် သီချင်းလေးပင်။ အခွင့်သာခဲ့လျှင်တော့ ကလေးငယ်အား ထိုသီချင်းလေးနှင့် ချော့သိပ်ဦးမည်။

"Page_10"

-မနေ့ကအိမ်မက်အကြောင်းရေးတာမှာ​ အကြောင်းတစ်ခုကျန်ခဲ့သေးတယ်။ အဲဒါက​ Mooအကြောင်းပဲ။ Mooကကျိန်စာတိုက်ပြီးတာနဲ့ ကောင်လေးနှစ်ယောက်ရဲ့​ အသက်မဲ့နေတဲ့အလောင်းရှိရာ အခန်းထဲကို ပြန်ဝင်သွားခဲ့တယ်။ အခန်းထဲရောက်တာနဲ့Mooက စားပွဲခုံပေါ်ကဆေးဘူးအဖြူလေးကို ယူတယ်။ လက်ခုပ်ထဲကို အဲဒီ့ဆေးဘူးလေးထဲက ဆေးတွေကိုလောင်းထည့်တယ်။ ပြီးတာနဲ့ Mooကသူမရဲ့ပါးစပ်ထဲကိုအဲ့ဆေးလုံးတွေအကုန်ထည့်ပြီး မြိုချပစ်တယ်။ ခဏအကြာမှာတော့ ပါးစပ်ကနေအမြှုပ်တွေထွက်ပြီး သူမဟာ တစ်သက်လုံးစာအိပ်စက်သွားခဲ့တယ်။ ပြုံးပြုံးလေးပဲ... မျက်နှာထက်ကအပြုံးတွေဟာ ပျောက်ကွယ်မသွားပဲ ပြုံးပြုံးလေးပါပဲ။ သူမတို့သုံးယောက်ရဲ့နောင်ဘဝဟာ ဘယ်လိုမှအေးချမ်းနိုင်မှာ​ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်။ -

အဖွားဖြစ်သူဟာ လူတစ်ယောက်အပေါ်အဲ့လောက်ထိ အာရုံစူးစိုက်မှု ရှိသည့်လူမျိုးမဟုတ်ပါ။ သို့သော်​ Mooဆိုသည့်အမျိုးသမီးလေးကိုတော့ အဖွားဖြစ်သူဟာ​ သိပ်ကိုမြတ်မြတ်နိုးနိုးနှင့် နှစ်သက်ခဲ့သည်ဟု ကျွန်တော်ယူဆသည်။

Mooအပေါ်ကျွန်တော့်ရဲ့အမြင်ကို ပြောရမည်ဆိုလျှင် Mooဟာ သိပ်ကိုချစ်တတ်လွန်းသူပင်။ နောက်ပြီး​ သူမဟာ သိပ်ကိုရက်စက်သည့်သွေးအေးလူသားတစ်ဦးလည်း​ ဖြစ်သည်။ သူမရဲ့အချစ်တွေဟာ စစ်မှန်ပေမယ့် အတ္တတွေနှင့်သာပြည့်နှက်နေသည်ဟု ကျွန်တော်ထင်သည်။

Second Person (Season_1)​(Completed)​Where stories live. Discover now