Part_27​ (Unicode)​

898 104 14
                                    

🌻'ချစ်တယ်'​တဲ့
    ချိုမြိန်လှပလွန်းတဲ့ စကားတစ်ခွန်းပါပဲ။

   သို့သော်
    အဆိပ်​ဆူး​တေွလိုပဲ​ ကြားရတိုင်း
    ရင်ထဲကအောင့်တယ်။🌻

••••••••••••••••••••

"Jung Kookနဲ့Soraက နောက်လဆိုလက်ထပ်ကြတော့မှာ... သူတို့ကတွဲလာတာ ခြောက်နှစ်ကေျာ်ပြီ။ "​

"ဗျာ!!!"

အံ့သြရသည်။ အတိုင်းအဆမရှိ။

မျက်လံုးတေွပါပြာကာ Hyungရဲ့ဦးခေါင်းထက် ယှက်ပြေးနေသောလက်တို့ပါ​ ပြေကျသွားရသည်။

"နောက်ဆုတ်ပေးလိုက်ပါ။ Sora​မှာက​ နှလံုးရောဂါနဲ့...တစ်ခုခုလွဲခေျာ်သွားလို့ မဖြစ်ဘူး။ မင်းကညဏ်ကောင်းပါတယ်။ အစ်ကိုပြောချင်တဲ့စကားအဓိပ္ပာယ်ကို မင်းနားလည်မှာပါ။"​

လုပ်ရက်လိုက်လေခြင်း... Hyungရယ်။

ကျွန်တော်ဒီအကြောင်းတေွလည်း ဘာတစ်ခုမှမသိခဲ့ရပါလား။ Hyungရဲ့Noonaအပေါ်ဂရုစိုက်မှုတေွကို အကြိမ်ကြိမ်တေွ​ ့မြင်ခဲ့ရပေမယ့်​ သူငယ်ချင်းအပေါင်းအသင်းတေွလို့သာ ထင်ခဲ့မိသည်။ သို့ကြောင့်​ အပြုံးလေးနဲ့သာ အမြဲကြည့်နေခဲ့မိ၏။

အခုတော့... အခုတော့... အားလံုးမှားကုန်ပြီ။

ဘယ်ကနေစပြီး မှားခဲ့သလဲဆိုတာ စဥ်းစားလို့တောင်မရတော့ပါ။

"ကျွန်တော်​့​ကို​ ပြန်ခွင့်ပြုဦး။ အခုလိုပြောပြလို့ကေျးဇူးပါ။"​

စဥ်းစားဖို့အချိန်ယူရမည်။ ကျွန်တော်​ ဒီနေရာမှာ​ ကြာကြာမနေချင်တော့ပါ။ ဆက်ပြီးထိုးနှက်လာမည့် စကားလံုးတေွရဲ့ဒဏ်ကိုလည်း မခံနိုင်တော့တာကြောင့်ပင်။

•••••••••••••••••

"ဘယ်ကိုသွားဦးမလဲ Hyung"​

Davidရဲ့Hyungဆိုတဲ့ခေါ်သံက ကျွန်တော့်အတွက် စိတ်အနှောက်အယှက်အတော်လေးဖြစ်ရသည်။ သို့သော်​ နောက်မှပြောမည်။ အခုတော့​ ပြောချင်စိတ်မရှိသေးပါ။

"Hotelကိုပဲပြန်မယ် Bro... GPSက အလုပ်လုပ်ရဲ့လား?"​

"အဆင်ပြေပါတယ်။ ထွက်ပြီနော်။"​

Second Person (Season_1)​(Completed)​Where stories live. Discover now