Part_27​ (Zawgyi)

534 40 2
                                    

🌻'ချစ်တယ်'​တဲ့
    ချိုမြိန်လှပလွန်းတဲ့ စကားတစ်ခွန်းပါပဲ။

   သို့သော်
    အဆိပ်​ဆူး​တွေလိုပဲ​ ကြားရတိုင်း
    ရင်ထဲကအောင့်တယ်။🌻

••••••••••••••••••••

"Jung Kookနဲ့Soraက နောက်လဆိုလက်ထပ်ကြတော့မှာ... သူတို့ကတွဲလာတာ ခြောက်နှစ်ကျော်ပြီ။ "

"ဗျာ!!!"

အံ့သြရသည်။ အတိုင်းအဆမရှိ။

မျက်လုံးတွေပါပြာကာ Hyungရဲ့ဦးခေါင်းထက် ယှက်ပြေးနေသောလက်တို့ပါ​ ပြေကျသွားရသည်။

"နောက်ဆုတ်ပေးလိုက်ပါ။ Sora​မှာက​ နှလုံးရောဂါနဲ့...တစ်ခုခုလွဲချော်သွားလို့ မဖြစ်ဘူး။ မင်းကညဏ်ကောင်းပါတယ်။ အစ်ကိုပြောချင်တဲ့စကားအဓိပ္ပာယ်ကို မင်းနားလည်မှာပါ။"

လုပ်ရက်လိုက်လေခြင်း... Hyungရယ်။

ကျွန်တော်ဒီအကြောင်းတွေလည်း ဘာတစ်ခုမှမသိခဲ့ရပါလား။ Hyungရဲ့Noonaအပေါ်ဂရုစိုက်မှုတွေကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ရပေမယ့်​ သူငယ်ချင်းအပေါင်းအသင်းတွေလို့သာ ထင်ခဲ့မိသည်။ သို့ကြောင့်​ အပြုံးလေးနဲ့သာ အမြဲကြည့်နေခဲ့မိ၏။

အခုတော့... အခုတော့... အားလုံးမှားကုန်ပြီ။

ဘယ်ကနေစပြီး မှားခဲ့သလဲဆိုတာ စဉ်းစားလို့တောင်မရတော့ပါ။

"ကျွန်တော့်​​ကို​ ပြန်ခွင့်ပြုဦး။ အခုလိုပြောပြလို့ကျေးဇူးပါ။"

စဉ်းစားဖို့အချိန်ယူရမည်။ ကျွန်တော်​ ဒီနေရာမှာ​ ကြာကြာမနေချင်တော့ပါ။ ဆက်ပြီးထိုးနှက်လာမည့် စကားလုံးတွေရဲ့ဒဏ်ကိုလည်း မခံနိုင်တော့တာကြောင့်ပင်။

•••••••••••••••••

"ဘယ်ကိုသွားဦးမလဲ Hyung"

Davidရဲ့Hyungဆိုတဲ့ခေါ်သံက ကျွန်တော့်အတွက် စိတ်အနှောက်အယှက်အတော်လေးဖြစ်ရသည်။ သို့သော်​ နောက်မှပြောမည်။ အခုတော့​ ပြောချင်စိတ်မရှိသေးပါ။

"Hotelကိုပဲပြန်မယ် Bro... GPSက အလုပ်လုပ်ရဲ့လား?"

"အဆင်ပြေပါတယ်။ ထွက်ပြီနော်။"

Second Person (Season_1)​(Completed)​Where stories live. Discover now