Part_9​ (Unicode)​

1.7K 154 9
                                    

"အဖေ ကျွန်တော်ပြန်ရောက်ပြီ။"

ခေါင်းငိုက်စိုက်ချကာလွတ်နေသောဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး အဖေဖြစ်သူအားပြောလိုက်တယ်။ အဖေဖြစ်သူကသတင်းစာဖတ်နေရင်းမှ ကျွန်တော့်အားမျက်လုံးလှန်ကာ​ ကြည့်လာတယ်။

"နောက်ကျလှချည်လား? ဘယ်တွေသွားနေလို့လဲ မင်း..."

"စိတ်ရှုပ်လို့ နည်းနည်းသွားသောက်လာတာ...အဖေကရော မအိပ်သေးဘူးလား?"

ကျွန်တော့်အမေးကိုအဖေဖြစ်သူက ဖတ်နေသည့်သတင်းစာမှမျက်လုံးမခွာပဲ ပြန်ဖြေလာတယ်။

"မင်းကိုစောင့်နေတာလေ...မေးစရာရှိလို့။"

"ဘာကိုလဲ အဖေရဲ့..."

"Kim Myung Sooရဲ့သားဆိုတဲ့ မိုးပေါ်ကကျလာတဲ့အကောင်အကြောင်းလေ..."

"အဲ့တာသားလည်းမသိဘူးလေ​ အဖေရာ...သူတို့မှာကလေးနောက်တစ်ယောက်ရှိတယ်ဆိုတာ အဖေရောမသိဘူးလား?"

ဖတ်လက်စသတင်းစာကို​ အရှေ့မှခုံပေါ်သို့ပစ်တင်လိုက်ရင်း သက်ပြင်းတစ်ချက်ကိုချတယ်။ ပြီးနောက်...

"မသိဘူး...ငါတင်မဟုတ်ဘူး...ဘယ်သူမှလည်းမသိကြဘူး...ဒီကိစ္စကို..."

"အဲ့တာဆိုအခု ဘယ်လိုလုပ်ကြမလဲအဖေ..."

"မသိသေးဘူး...အခုလောလောဆယ်တော့ သူ့အလိုကျမျှောသာလိုက်နေလိုက်ငါ့သား...ပြီးတော့ သူ့ရဲ့ယုံကြည်မှုကိုရအောင်ယူရမယ်။"

"ဟုတ်ကဲ့​ အဖေ...ဒါနဲ့​ သား အဖေ့ကိုတစ်ခုပြောရဦးမယ်။"

"ပြောလေ ဘာကိစ္စလဲ?"

"ဒီ‌ေန့Mori Sakaနဲ့ သားအဆက်အသွယ်လုပ်ခဲ့တယ်။"

"ဘာ!!! မင်းကိုငါဘာမှမခိုင်းထားဘူးလေ...Han Rae In"

အဖေသည်Mori Sakaဆီမှ​ ဆေးများကိုဝယ်ယူကာ ဒီဘက်နိုင်ငံတွင်​ ပြန်ရောင်းချတဲ့အလုပ်ကိုလုပ်တယ်။ ဆေးတော့ကိုယ်တိုင်မသုံးဆွဲပါ။ ထို့အတူ​ ကျွန်တော့်ကိုလည်း သုံးစွဲခွင့်မပေးပေ။ Mori Sakaနှင့်လည်း ဆေးဝယ်မှသာ​ အဆက်အသွယ်လုပ်ခိုင်းတယ်။ ဆေးကိုကျွန်တော်ကိုယ်တိုင် သွားယူရတယ်လေ။

အ‌ဖေဖြစ်သူ၏ ဒေါသကြောင့်နီရဲနေသောမျက်နှာကိုကြည့်ကာ ကျွန်တော်နည်းနည်းတော့​ တုန်လှုပ်သွားရတယ်။ ထို့အတူ​ ပြောမည့်စကားများတောင် လည်ချောင်းဝတွင်​ ရပ်တန့်သွားရ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now