Part_28​ (Zawgyi)

569 46 3
                                    

"စာရင်းတွေကအကုန်ကွာနေတယ် Noona... ကျွန်တော်​ Han Rae Inနဲ့တွေ့ ချင်တယ်။"

မနက်ကတည်းက Noonaသည်ကျွန်တော့်အား အရိပ်တကြည့်နှင့်ကြည့်နေ၏။ ဘာကြောင့်ဆိုတာ ကျွန်တော်သိပါသည်။ Hyungနှင့်ကိစ္စကိုသိသွားတာကြောင့် ကျွန်တော်ဘယ်လိုတုန့်ပြန်လေမလဲဆိုတာကို သိချင်နေတာကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော့်ဘက်ကတော့​ အရင်အတိုင်းပင်။ အပြုံးလေးနှင့်ပဲ​ ပြောဆိုဆက်ဆံသည်။ အလုပ်နှင့်ကိုယ်ရေးကိုယ်တာဟာ တစ်ကန့်စီမို့။

"​အခုလား Tae Hyung"

"အင်း​ အခု"

"ခဏလေး​စောင့်..."

Noonaသည်သူ့စားပွဲပေါ်မှ မှတ်စုစာအုပ်လေးအား​ ပြေးယူကာ ကျွန်တော့်ရှေ့ မှာတင်​  ဟိုလှန်ဒီလှန်လုပ်နေ၏။

"ဘာလုပ်နေတာလဲ​ Noona"

"ဖုန်းနံပါတ်ရှာနေတာ... သူ့ဖုန်းနံပါတ်က Noonaရဲ့ဖုန်းထဲမှာ မရှိဘူး။"

"အော်"

Noonaသည် စာအုပ်ကလေးအား​ ဟိုလှန်ဒီလှန်ဖြင့် ဖုန်းနံပါတ်အားဆက်၍ ရှာသည်။

"တွေ့ပြီ။ Tae Hyungပြောမလား? Noonaပြောလိုက်ရမလား?"

"Noonaပဲပြောလိုက်ပါ။"

"ဒါဆိုspeakerဖွင့်ထားလိုက်မယ်။ နားထောင်လို့ရအောင်"

"ဟုတ်"

ခွင့်ပြုချက်ရသည်နှင့်Noonaသည် စာအုပ်ထဲရှိဖုန်းနံပါတ်လေးအား ဖုန်းထဲရိုက်ထည့်ကာ Han Rae Inဆီ​ဖုန်းခေါ်လိုက်၏။

တီ... တီ...

"Hello..."

"Hello...CEOဟောင်း Han​ Rae Inလားရှင့်"

"ဟုတ်တယ်။ မင်းကဘယ်သူလဲ?"

"ကျွန်မက​ CEO Kim​ Tae Hyungရဲ့အတွင်းရေးမှူး Yoon Soraပါ။ CEOက လူကြီးမင်းကိုတွေ့ ချင်တယ်ဆိုလို့​ အခုလို​ ဖုန်းဆက်လိုက်ရတာပါ။"

"Kim Tae Hyung​ ကလား"

"ဟုတ်ကဲ့​ ရှင့်"

"ကောင်းပြီ။ အခုပဲလာခဲ့လိုက်မယ်... ကုမ္ပဏီကို"

"ဟုတ်ကဲ့ပါရှင့်...စိတ်အနှောက်အယှက်ဖြစ်စေမိရင်..."

တီ​ တီ​ တီ​ တီ...

Second Person (Season_1)​(Completed)​Where stories live. Discover now