[NEW] EPISODE_36

1K 102 12
                                    

Unicode💜

မင်းမပါတော့မဲ့ ကိုယ့်ရဲ့ မနက်ဖြန်တေွဟာ
အသက်မဲ့နေတော့မှာ အသေအချာ။     ။

-Jeon​ Jung Kook-

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

လံုးဝန်းဝိုင်းစက်နေသော လမင်းကြီးသည် ထိန်ထိန်သာလျက်​ရှိ၏။

မီးအလင်းရောင်မဲ့သော အခန်းငယ်လေးဟာ အရင်လိုမေှာင်မိုက်မနေခဲ့။ လမင်း၏အလင်းရောင်ကား ဖွင့်ထားသောပြတင်းတံခါးမှတစ်ဆင့် အခန်းတွင်းဖြာကျလျက်ရှိသောကြောင့်ဖြစ်သည်။ ဒီကနေ့ဟာ လပြည့်နေ့ဖြစ်မည်ထင်ရဲ့။

ကလင်! ကလင်! ကလင်!

တိတ်ဆိတ်လှသောအခန်းငယ်လေးအတွင်း​ ဖုန်းမြည်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။

"Hello"

ခြောက်ကပ်ကပ်ဖြေဆိုသံ တစ်ခု။ ကုတင်ခြေရင်းကိုကေျာမှီလျက်ထိုင်နေသော ကောင်လေးထံမှထွက်ပေါ်လာခြင်းဖြစ်၏။

"Oppa... စားပြီးပြီလား။"​

"အင်း​ ပြီးပြီ။"​

ခပ်တိုတို၊ ခပ်ပြတ်ပြတ်အဖြေတစ်ခုဟာ ဖုန်းပြောရတာ စိတ်မပါမှန်း​ သိသာလွန်းနေမလားလေ။

"သဘက်ခါကျ အမေ့ကိုခေါ်ပြီး အိမ်လာခဲ့နော်။ မေ့နေဦးမယ်။"​

"အင်းပါ။ ကိုယ်မမေ့ပါဘူး။"​

"အင်းအင်း ဒါဆိုဒါပဲနော်။ Good Night"​

"Good Night"

သဘက်ခါတဲ့။ လူကြီးချင်းစကားပြောကြဖို့အတွက် သွားရမည်ပင်။ မင်္ဂလာရက်လည်း သတ်မှတ်ရဦးမည်လေ။ တကယ်တော့​ ဒီမင်္ဂလာပွဲအတွက် ကျွန်တော်စိတ်မပါခဲ့ဘူး။ သို့ပေမယ့် ကလေးငယ်ကို ဒီ့ထက်ပိုမနာကျင်စေချင်တော့ပါ။ ဒါ့ကြောင့် မြန်မြန်လက်ထပ်ဖို့မေမေ့ကို အတင်းဂျီကျခဲ့သည်။ Jakeတို့ထက် စောပြီးလက်ထပ်မည်ပင်။

"မင်းအပေါ်Hyungရက်စက်မှ ဖြစ်မှာမို့ပါ ကလေးငယ်ရယ်"​

မနက်ကကလေးငယ်၏ငိုသံကို​ ဖုန်းထဲမှအတိုင်းသားကြားနေခဲ့ရသည်။ အရင်လို​ဆို​ ပေွ ့ဖက်ကာမငိုဖို့​ ပြေလည်ရာပြေလည်ကြောင်း​ နှစ်သိမ့်ပေးဖြစ်မည်ပင်။

Second Person (Season_1)​(Completed)​Where stories live. Discover now