Part_25​ (Zawgyi)

612 41 2
                                    

"ပွဲကကြည့်လို့ကောင်းတော့မယ်။"

စားပွဲခုံပေါ်တွင်ပြန့်ကျဲနေသော ဓာတ်ပုံများအားကြည့်ကာ မဲ့ပြုံးတစ်ခုကိုနှုတ်ခမ်းထက်ဆင်မြန်းသည်။ ပြီးနောက်​ အခန်းထောင့်ရှိစားပွဲတွင် စာရွက်စာတမ်းတွေနှင့်အလုပ်ရှုပ်နေသော လက်ထောက်အတွင်းရေးမှူးလေးအား လက်ယပ်ခေါ်လိုက်၏။

"Sam ဒီကိုခဏလာဦး။"

"ပြောပါ​ CEO"

"ဒီဓာတ်ပုံထဲကကောင်ကို သေချာစောင့်ကြည့်ထားရဲ့လား... သူ့ရဲ့အကြောင်းအစုံကိုရော သိရပြီလား"

"Davidကိုပဲမေးကြည့်ပါလား CEO... ကျွန်တော်ဒီကောင့်ကို စောင့်တော့စောင့်ကြည့်နေပါတယ်။ ဒီကောင့်​​ အကြောင်းစုံကိုတော့ ကျွန်တော်မသိဘူး CEO... David ကတော့​ သေချာသိမယ်ထင်တာပဲ"

အူကြောင်ကြောင်နှင့် ဖင်ကုတ်၊ခေါင်းကုတ်လုပ်နေသည့် မျက်စိရှေ့ ရှိအကောင်အား​ ဒီအခန်းထဲကနေ သူ့အိမ်အထိပြန်ရောက်သွားအောင်ကို ကန်ထုတ်ပစ်လိုက်ချင်သည်။ Davidကိုဒီနေ့မနက်flightနဲ့ Koreanပို့လိုက်ပြီဆိုတာကို သူမသိလေရော့သလား။

"​Davidကဘယ်မှာလဲ Sam"

"Koreanမှာလေ​ CEO... CEOပဲ မနက်ကလိုက်ပို့လိုက်သေးတယ်လေ။ မေ့သွားပြီလားဗျ"

"Sam... မင်း!"

ရွဲ့ပြီးမေးလို့မေးမှန်းလည်း မသိပါ။ သူကတောင်ကိုယ့်ကိုယ်ပြန်ပြီး မေးမြန်းခန်းပြန်ဖွင့်နေသေး၏။ ဘယ်လိုစိတ်၊ဘယ်လိုအတွေးတွေနဲ့များ ဒီကောင့်ကိုကျွန်တော် အတွင်းရေးမှူးခန့်ခဲ့မိပါလိမ့်။

"သွားတော့​ Sam... မင်းလုပ်လက်စအလုပ်တွေကိုပဲ သွားလုပ်နေလိုက်တော့... မင်းနဲ့စကားပြောရတာ ကြာရင်ငါသွေးတက်ပြီး သေမယ်... သွား​ မြန်မြန်"

"ဟုတ်ကဲ့ပါ​ CEO"

မျက်စိရှေ့မှခပ်ကုပ်ကုပ်ထွက်သွားသော အကောင်အားကြည့်ကာ ခေါင်းသာခါမိသည်။

"David ရေ...​မင်းကတော့ငါ့ကို ဒီအရူးကောင်နဲ့စိတ်ချလက်ချကို ထားခဲ့ပြီပေါ့... ဟား... အခုတောင်ဒီကောင်နဲ့ခဏလေး စကားပြောမိတာ ရူးချင်လာသလိုပဲ"

Second Person (Season_1)​(Completed)​Where stories live. Discover now