Part_12​ (Zawgyi)

832 66 3
                                    

At Star Hotel...

"Tae Hyung...မြေကွက်ကNoonaရဲ့ အသိတစ်ယောက်ကိုရှာခိုင်းထားတယ်။ သူကဒီတစ်ရက်နှစ်ရက်အတွင်း ပြန်ဆက်သွယ်ပေးမယ်လို့ပြောတယ်။"

"ဟုတ်​ ရပါတယ်Noonaရဲ့...မြေကွက်ရှာတွေ့​ရင်​Design teamနဲ့အရင် ဆွေးနွေးရမယ်နဲ့တူတယ်။"

ကျွန်တော်တို့ရုံးချုပ်မှာက အဆင့်မြင့်အင်ဂျင်နီယာတွေနဲ့အဆောက်အဦးပုံကြမ်းရေးဆွဲတဲ့ Design teamဆိုပြီးရှိတယ်။ Hotelဆောက်ချင်သူတွေက ကျွန်တော်တို့ရုံးချုပ်က လူတွေကိုပဲငှားရမ်းကာ လိုချင်သလိုပုံစံမျိုးဆောက်လုပ်ကြတယ်။ ဒါကြောင့်လည်း Star​ ဆိုတာKoreanမှာ နာမည်သိပ်ကြီးတာပေါ့။

"Design teamက Busanကိုရောက်နေတယ်...အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး"

"ဘယ်တော့လောက်ပြန်ရောက်မလဲ ဒီကို"

"တစ်ပတ်လောက်တော့ကြာဦးမယ်နဲ့တူတယ်...သူတို့ကိုNoona ဆက်သွယ်ကြည့်လိုက်ဦးမယ်။ အချိန်အတိအကျသိရအောင်လို့"

"ဟုတ်"

Noonaရုံးခန်းထဲကထွက်သွားတာနဲ့ ကျွန်တော်လည်းfileအချို့ကို လက်မှတ်ထိုးရတယ်။ ထိုစဉ် အတွေးထဲတစ်ကြော့ပြန်စိုးမိုးလာတဲ့ ကျွန်းစားပွဲကြီး...။

"Noonaကိုမေးဖို့ဆိုပြီး မေ့သွားပြန်ပြီ။"

ကျွန်တော်အရဲစွန့်ပြီး​ ထိုစားပွဲကြီးနားထပ်သွားမိတယ်။ မနေ့ကလိုဖြစ်မှာကြောက်ပေမယ့် စိတ်တို့ကဘာတွေထပ်ဖြစ်လာဦးမှာလဲဆိုတာကို သိပ်သိချင်နေမိတယ်။ ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ် လွန်ဆွဲနေသလိုပေါ့။

"ဟူး..."

သက်ပြင်းရှည်ကြီးတစ်ချက်ကို စိတ်မောစွာချလိုက်တယ်။ ကုလားထိုင်ကိုနောက်သို့ဆွဲကာ ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ပြီးနောက်​ စားပွဲခုံပေါ်လက်နှစ်ဖက်ကိုစုတင်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်တယ်။

ထူးဆန်းတယ်။

မနေ့ကလိုမျိုးနာကျင်ကိုက်ခဲမှုတွေ ဖြစ်မလာဘူး။ သို့ကြောင့်​ ကျွန်တော့်မျက်လုံးများကိုပြန်ဖွင့်ဖို့ ကြံလိုက်တယ်။ ထိုစဉ် ရုတ်တရက်မြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်တစ်ချို့ကြောင့်​ မျက်လုံးများကိုစုံမှိတ်ထားလိုက်မိတယ်။ မြင်ကွင်းထဲကပုံရိပ်အချို့ကို​ ပျောက်ကွယ်သွားမှာစိုးသည့်အလား။

Second Person (Season_1)​(Completed)​Where stories live. Discover now