အပိုင်း(၁)-ငါနဲ့အတူငရဲကိုလိုက်ခဲ့

14.7K 786 47
                                    

အတွဲ-၁: အမှုတွဲ ၅၀၂  - ယစ်မူး၍ခဲနေသောအလောင်းကောင်

"ငါနဲ့အတူငရဲကိုလိုက်ခဲ့" မကောင်းဆိုးဝါးပုံရိပ်က အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
..........................................................................

"ဘုန်း_!! "

​ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ကျောက်တုံးကျောက်ခဲတို့မှာ အရပ်မျက်နှာအနှံ့အပြားသို့ လွင့်စင်၍ မီးခိုးလုံးကြီးများနှင့် တငွေ့ငွေ့လောင်ကျွမ်းနေသော မီးလျှံတို့ကြောင့် မြင်ကွင်းမှာပိတ်ဆို့ခံထားရလျက်ရှိသည်။ လေးလံလှသော နံရံတို့သည်လည်း ခံနိုင်ရည်မရှိတော့ဘဲ အကွာအဝေးတစ်ခုထိ ပြိုကျကုန်သည်။ အကျိုးအပဲ့အပျက်အစီးတို့မှာ မိုးရွာသကဲ့သို့ ဒလဟောကျနေပြီး ပြင်းထန်လှသောမီးလျှံများကြားတွင် ရဲကား​၏ မှိန်ဖျော့လှသော မီးကလေးကို မြင်တွေ့နေရသည်။ ခပ်လှမ်းလှမ်းတွင်တော့ လူထု​၏ ကျယ်လောင်စွာသော အော်ဟစ်သံတို့ကို ကြားနေရ​၏။

" စစ်ဆင်ရေးရုံးချုပ်မှာ စစ်ကူလိုနေပြီ ! ငါတို့စစ်ကူလိုနေပြီလို့ ! "

"ခေါင်းဆောင်ကျန်း ရော? ခေါင်းဆောင်ကျန်း ဘယ်မှာလဲ ?! "

" မဟုတ်ဘူး ! ခေါင်းဆောင်ကျန်း အခုလေးတင် အလောတကြီးပြေးဝင်သွားတာ! မြန်မြန် ! အခုချက်ချင်း မြန်မြန်! မြန်မြန်လုပ်!....."

ငရဲငယ်တွင် ရောင်စဉ်တို့ ကွက်တိကွက်ကျား ဖြစ်နေပြီး အော်ဟစ်သံတို့မှာ တဖြည်းဖြည်း မှေးမှိန်လာ​၏။ နံရံကိုထောက်ကန်ထားသော သူ​၏လက်အစုံတို့သည် လောင်ကျွမ်းနေလျက် လက်ချောင်းများမှ စီးကျနေသော သွေးတို့မှာလည်း အလျှံတညီးညီးတောက်လောင်နေသော မီးလျှံများကြားတွင်ပင် လျင်မြန်စွာ အငွေ့ပျံလို့သွားချေသည်။ သို့ရာတွင် မည်သည့်နာကျင်မှုမျိုးကိုမှ သူမခံစားရ။ မည်သည်ကိုမှလဲကြားရခြင်းမရှိတော့ချေ။ တူညီသောမြင်ကွင်းကိုအကြိမ်ကြိမ် မြင်မက်နေသော်လည်း ကြားနေရသည့် တစ်ခုတည်းသောအသံမှာ သူ​ကိုယ်တိုင်၏ ပူလောင်အက်ကွဲနေသော အသံရှူသံပင်ဖြစ်လေသည်။

ဒိုင်း!!

ပုံရိပ်ဟာ တဖြည်းဖြည်း နီးကပ်လို့လာလေပြီ။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now