အပိုင်း(၇)-လွန်ခဲ့သောသုံးနှစ်ကအသက်စတေးသွားသူ ကျန်းထင်

2.9K 524 64
                                    

ကုန်ကျိုးမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ခွဲ၏ ခေါင်းဆောင် ဖြစ်သူကျန်းထင်မှာလွန်ခဲ့သော သုံးနှစ်က အသက် စတေးသွားခဲ့ပြီး ဖြစ်သည်။
---------------------------------------------
'ဆောင်းဦး မိုးစက် ဇိမ်ခံပစ္စည်း အရောင်းဆိုင်၊ တစ်ပတ်နွမ်း အိတ်၊ လက်ဝတ်ရတနာနှင့် ဇိမ်ခံပစ္စည်း ရောင်းဝယ်ရေး။'

ယန်ရှယ်တစ်ယောက်ရဲကားထဲမှထွက် ကာ လက်ပိုက်လျက် ဆိုင်းဘုတ်ကို ကြည့်လိုက်ပါ၏။         

ထိုအခိုက် မာရှန်က လှမ်း၍နှုတ်ဆက် လာလေသည်။

" အစ်ကိုယန် သတင်းပို့တဲ့ လူကဟိုမှာ။ ကျွန်တော်တို့အခုပဲ ... "             

ယန်ရှယ်က လက်ကာပြလိုက်၏။ မာရှန်လည်း ပြောထွက်လု နီးနီး စကားလုံးများအားပြန်မျိုချလိုက်ရတော့သည်။     

" စစ်ဆေးရေး အရာရှိတွေ အားလုံးကို သတင်းပို့လိုက်။ ရှိသမျှတစ်ပတ်နွမ်းဆိုင်တိုင်းကို ပိုက်စိပ်တိုက်ရှာစရာမလိုတော့ဘူးလို့။"  

သူကမနှေးမမြန် အသံအနေအထား နှင့် အမိန့်ပေးလိုက်သည်။ 

" ပစ်မှတ်ရဲ့ ကျောပိုးအိတ် တွေ့ပြီ"            

အရာရှိ သုံးလေးယောက်က စတိုးဆိုင်၏ ဝင်ပေါက်ကိုပိတ်လိုက်လေသည်။ ဆိုင်ရှင်ဖြစ်သူမှာ တုန်လှုပ်ခြောက်ခြားသွားကာ ဒေါသသံတို့ ရောပြွန်းလျက် စစ်ဆေးရေး အရာရှိတို့အား ရန်ထောင်လေတော့သည်။ ထိုအချိန်တွင် နည်းပညာ သမားများမှာတော့ ထင်သာမြင်သာရှိလှသော အမည်းနှင့်အဝါစပ်ကြားကျောပိုးအိတ်အား သဲလွန်စစုဆောင်းသည့်အိတ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် ပဏာမအဆင့်အနေနှင့် လက်ဗွေရာများတိုက်စစ်ကြ၏။       

စတိုးဆိုင်အပြင်လျှောက်လမ်းတွင်တော့ အရာရှိတစ်ဦးက ခုံတန်းရှည်တွင်ထိုင်နေသောကျန်းထင်၏ဘေးတွင် ရပ်လျက် ၎င်း၏ထွက်ဆိုချက်များကိုမှတ်တမ်းတင်လျက်ရှိသည်။ သူ က ခုံနောက်ကို သက်တောင့််သက်သာမှီလျက် ခေါင်းကိုမော့သည်ဆိုရုံလေးမော့ထားကာရှည်သွယ်သွယ်ခြေအစုံအား ခွဲ၍ထိုင်နေလေ၏။ ယန်ရှယ်ကသူ့ထံလာနေသည်ကိုမြင်ပါသော်လည်း မတ်တပ်ရပ်မည်ပုံမပေါ် ။ ကိုယ်ဟန် အနေအထားမှာအိမ်ရှိသားရေဆိုဖာကြီး ပေါ်တွင်အေးအေးလူလူထိုင်နေသည်ဟုပင်အောက်မေ့ရသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now