အပိုင်း(၄)-အတွဲလို့အထင်ခံရမှာမကြောက်ဘူးလား

2.9K 506 48
                                    

"ငါတို့ကိုအတွဲလို့ထင်သွားစေချင်လို့လား, ရပါတယ် ငါ ဆယ်မိနစ်လောက်ဂေးပေးမယ်"
--------------------------------------------------------------

လမ်းအဝင်ဝသည် 'အိပ်စက်ခြင်းကင်းမဲ့နန်းတော်'KTVဘားနှင့် မီတာလေးငါးရာခန့်ဝေးလေသည်။ယန်ရှယ်က သူ​၏ အလွန်ပွန်းပဲ့နေသော Grand Cherokee ကားကြီးကို နေရာလွတ်ရှာ၍ထိုးထားလိုက်သည်။ထို့နောက် ယာဉ်ကြောထိန်းသိမ်းရေးအရာရှိကိုသတင်းပို့ကာ ဆယ်မိနစ်ခန့်သွားရသောသူလာခဲ့သည့်မူလနေရာကို ပြန်သွားလိုက်လေသည်။

"မင်းမှာဘာပြဿနာရှိလို့လဲ"

ယန်ရှယ်က ကျန်းထင်ဘေးတွင်ဝင်ထိုင်ကာ မေးငေါ့၍ မေးလိုက်ပါ​၏။

"မင်းကောင်မလေးရော ဘယ်မလဲ? သူကမင်းကို တစ်ယောက်ထဲ ဒီတိုင်း လွှတ်လိုက်တယ်ပေါ့လေ"

အချိန်အတော်ကြာ အိပ်ရာထဲလှဲနေခဲ့ရ၍ အားအင်ကုန်ခန်းနေသဖြင့် ကျန်းထင်​၏အသားအရေမှာ ဖြူဖပ်ဖြူရော်ဖြစ်နေ​၏။ ထိုစကားကိုကြားလိုက်ရချိန်တွင် ကျန်းထင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။

"ငါ ဘာမှလုပ်စရာမရှိရင် ဟိုနားဒီနား လမ်းလျှောက်ဖို့ ဆရာဝန်ကမှာထားလို့ပါ ယန်မိန့်ကအပြင်သွားလိုက်တာနဲ့ ငါ့ဖာသာပဲ ထွက်လာလိုက်တာ"

ယန်ရှယ်သည် သူ့ကိုကူညီပေးရန် လက်ရွယ်လိုက်သော်လည်း ကျန်းထင်က မလိုအပ်လေသဖြင့် လေထဲ၌သာ ရပ်သွားရ​၏။ ထို့ကြောင့်သူက လက်မြှောက်၍ ဆေးလိပ်ကိုသာမီးညှိလိုက်လေသည်။

"စိတ်မရှိဘူးမလား"

ကျန်းထင်ကပြန်မေးလိုက်​၏။

"ငါရောတစ်လိပ်လောက်သောက်လို့ရမလား"

ယန်ရှယ်မှာ အလွန်အံ့ဩသွားရသည်။ သူ့ပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်တတ်သည့်လူမှာ ရှားလှပါသည်။ သို့ရာတွင် ကျန်းထင်မှာ ထိုလူနည်းစုထဲမှ ဖြစ်လိမ့်မည်ဟုထင်ထားခဲ့ရာ သူ့ခမျာ ဆေးလိပ်ပေါ်သို့ လက်ချောင်းများပင်မရောက်နိုင်ဘဲ ကြောင်လျက်သားရှိနေ​၏။ ဖြစ်နိုင်သည်မှာ သူ​၏ ယဉ်ကျေးသိမ်မွေ့ပြီး ပညာရှိဟန် ပြောဆိုပုံအမူအရာတို့ကြောင့် အထင်မှားခဲ့ခြင်းဖြစ်ပေမည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now